3

6.3K 803 80
                                    

UNICODE

ကျောင်းသားတံဆိပ်လေးကိုတော့
လက်ဝယ်ရရှိခဲ့လေပြီ ..ကြည်နူးစွာ လက်ဖြင့် ဖွဖွပွတ်သပ်ကာ နေရာမှာတင် ရပ်၍ ထိုတံဆိပ်အား ပေါက်ထွက်တော့မတတ် သူကြည့်နေမိသည် ။

သစ်သား​ပေါ်တွင် သူ့နာမည် Park Jimin ဆိုတာကို လှလှပပလေးရေးထွင်းထားသည် ။
ယခု ဟောဒီဆောင်ကျန်ကွမ်ကျောင်းတော်ရဲ့ တရားဝင်ကျောင်းသားတစ်ယောက်ဖြစ်လာခဲ့ပြီ ။

ထို့နောက် ခပ်မြူးမြူးခြေလှမ်းတွေနှင့် ကင်မျိုးနွယ်ဆရာဆိုသူကို လိုက်ရှာနေမိသည် ။
ထိုအ​ဆောင်မှူးနဲ့တွေ့မှသာ သူနေဖို့ အဆောင်နေရာကို စီစဉ်ပေးလိမ့်မည်တဲ့လေ ...

ကျောင်းတံဆိပ်အား သူ နောက်တစ်ခါ ပြန်ကြည့်လိုက်ပြီး ခါးစည်းတွင် ချိတ်ဆွဲလိုက်သည်။ အဆောင်အခန်းရသည့်အခါ ဆိုးဆိုးဝါးဝါးကျောင်းသားတွေနှင့် မကြုံရပါစေနှင့်ဟုသာ ဆုတောင်းနေမိတော့သည်။
ကြားဖူးစရှိထားသည့် သတင်းတွေက ကောင်းမှ မကောင်းပဲကိုး။

​တွေးရင်း ခပ်သွက်သွက်လျှောက်လာ​နေရင်းနဲ့
ထောင့်ချိုးတစ်ခုနားအရောက်မှာတော့ သူ့ကိုယ်လုံးနှင့် ဟိုဖက်ကနေ အရှိန်ဖြင့် ထွက်လာသူတစ်ယောက်နှင့်
ပြင်းပြင်းထန်ထန်ကြီးကို ဝင်တိုက်မိသွားသည်။

' အင့် '

ဝင်တိုက်ပစ်လိုက်သည့် အရှိန်ကြောင့် သူ့ရဲ့ကျောပြင်တော့ အောက်ကမြေကြီးပေါ်
ခစားတော့မည်ဟု တွေးထင်ကာ မျက်လုံးတို့ကို အတင်းကာရောပိတ်ပစ်လိုက်သော်လည်း
သူထင်ထားသလို မဟုတ်ခဲ့ .. သူ့ခါးနားကို ရစ်သိုင်းလာသည့် အထိအတွေ့တစ်ခုနဲ့အတူ နွေးထွေးနေသော အရှေ့မှ ထို .. ကျစ်..ဘာပါလိမ့် .. ? မျက်လုံးမှိတ်ထားလျက်က အရှေ့မှ ထိုမာမာအရာအား လက်တစ်ဖက်ဖြင့် ဖွဖွ စမ်းကြည့်မိလိုက်သည် ..

ထို့​နောက် မှိတ်ထားသည့် မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည် ...

ဟင် !!

* * * * *

"ဟိုမှာ ဘုရင့် တူတော် မဟုတ်လား ..!! "

"သူလည်း ဒီနှစ်အတန်းပဲလား!!?' "

"ဖြစ်နိုင်ပါ့မလား !? "

တော်ဝင်ချစ်သက်သေ [JIKOOK]Where stories live. Discover now