2

7.5K 846 57
                                    

UNICODE

မနက်စောစောစီးစီးကတည်းက ဟောဒီ
အိမ်ဝင်းလေးထဲတွင် အလုပ်ရှုပ်နေကြသည် ။

"သား ကောင်းကောင်းမွန်မွန်ပညာသင်ခဲ့ရမယ်နော် "

"ဟုတ်ကဲ့ .. ဘွား "

"ငွေကြေးအသပြာကိစ္စလည်း စိတ်မပူနဲ့နော် .. တစ်ခုခု လိုအပ်ရင် ပိတ်ရက်ကို ဘွားဆီ ပြေးလာခဲ့"

"ဟီး .. လာမယ် ဘွား "

အလွန်စိတ်ပူပန်နေပုံရသည့် အဘွားဖြစ်သူကြောင့် သူက လုံးဝ
စိတ်မလှုပ်ရှားချင်ယောင်ဆောင်နေရသည်။
ကျောင်းဝတ်စုံတွေကို သေချာထုပ်ပိုးနေရင်းနဲ့မှ
ရယ်မောကာ စိတ်မပူအောင် အမျိုးမျိုး ကြံဖန်ချော့မော့နေရသည် ။

"ဟိုရောက်ရင်လည်း မရှိသလိုသာ နေနော် "

"ဟုတ် .."

"သားက စာပေပညာရပ်မှာ ထူးချွန်လွန်းလို့သာ အဲ့ဒီကျောင်းတော်ကို သွားရတာ ..ဘွားဖြင့် ရင်မောလိုက်တာကွယ်။ ဟိုကဖြင့် လူကြီးမင်းတွေ၊သူဌေးမင်းတွေရဲ့ သားတွေချည်း.. အနေအထိုင်မတတ်တာနဲ့ လည်ပင်းပေါ်ဓားရောက်မှာ.. ဖွဟဲ့"

"ကောင်းပါပြီ ဘွားရဲ့ .. သား ဂရုစိုက်ပါ့မယ် ..
Park Jimin ဆိုတာ ဘယ်သူမို့လို့လဲလို့ "

"အဲ့ဒီ စာမေးပွဲကြီးကို တိတ်တဆိတ်သွားဖြေခဲ့
တာကိုက ရိုက်ချင်တာ ..သိလား Park Jimin"

"ဟီး .. ဒါပေမဲ့ ဟောဒီနယ်တစ်ခွင်မှာ
အထူးချွန်ဆုံးဂုဏ်ပုဒ်နဲ့ အောင်မြင်ခဲ့တာပဲ
မဟုတ်လား .. ဟိဟိ "

"ငါ ထရိုက်လိုက်ရ ..တော်ပြီ .. တော်ပြီ
သွားတော့ အချိန်တောင် တော်တော်လင့်နေပြီ "

"ဟုတ်ကဲ့ ဘွား ကျန်းမာအောင်နေရမယ်နော်
သား ပိတ်ရက်တိုင်း လာမှာ.. စိတ်လည်းအရမ်းပူမနေနဲ့ဦး .. "

"သြော် .. နေဦး .. သား
ရော့ .. ဒီမှာ "

ဘွားက ခေါင်းရင်းသေတ္တာထဲမှ တစ်ခုခုကို
ထုတ်ယူလိုက်သည် ။
သူ အဝတ်ထုပ်ကို ပိတ်စအကြီးဖြင့် သေသေချာ ချာချည်လိုက်ပြီးနောက် အဘွားဖြစ်သူရဲ့ အရှေ့တည့်တည့်မှာ ဝင်ထိုင်လိုက်သည် ။

တော်ဝင်ချစ်သက်သေ [JIKOOK]Where stories live. Discover now