Unicode
စာအုပ်ဖတ်နေရင်းက
အခန်းတံခါးတွန်းဖွင့်လိုက်သံနဲ့အတူ အတွင်းသို့ ဝင်လာသည့်သူအား လှမ်းကြည့်လိုက်သည် ။
Seokjin Hyung က သွားစရာကိစ္စရှိသည်ဟု ဆိုကာ ခွင့်တိုင်ထားသဖြင့် ဒီနေ့ အဆောင်မှာ မရှိချေ။တံခါးဝနားမှာ မှောင်နေပေမယ့်
အရိပ်ကြည့်တာနဲ့တင် မည်သူဆိုတာကို သိနေရသည်။"Taehyung .. ဘယ်သွားပြီး ပြန်လာတာလဲ ?"
"Hoseokie Hyung "
အနည်းငယ်ဖျော့တော့နေသည့် လေသံနဲ့အတူ
သူ့နံဘေးနားမှာ ထိုင်ချလိုက်သည့် Taehyung ရဲ့ မျက်နှာအား Hoseok ကြည့်နေမိသည်။"ထုံးစံအတိုင်း ကျောင်းပြင်ခိုးထွက်ခဲ့တာ"
ခါတိုင်း တောက်ပနေသည့် မျက်ဝန်းတွေက
သိသိသာသာ .. မှိန်ဖျဖျဖြစ်နေသည်ကို အခန်းမီးရောင်အောက်တွင် မြင်ရသည် ။သက်မတစ်ချက်ချကာ ဘာမှမဟုတ်သလို
ခေါင်းတစ်ချက်ခါလိုက်၍ Hoseok ထံကို လှမ်းကြည့်ခဲ့သည့် Taehyung ရဲ့ မျက်ဝန်းတွေက ရုတ်ချည်းလင်းလက်လာကာ ဟန်ဆောင်၍ ပြုံးလိုက်တာကိုလည်း တွေ့ရသည်။သူတို့ နှစ်အတန်ငယ်ကြာ သိခဲ့ကြသည်မှာ အလကားမဟုတ် .. Taehyung တစ်ခုခု ဖြစ်နေတာကို ... သူ အတပ်သိသည် ။
မေးချင်မိတာတွေ များပေမယ့် Taehyung
မဖြေမှာကို သူ သိသည် ။"အရက်ရော သောက်လာတယ်မလား? "
"အင်း .. နည်းနည်း "
"ဘာဖြစ်လို့လဲ !? "
ခပ်တိုးတိုး သူ့အမေးစကားကြောင့် Taehyung ရဲ့ မျက်ဝန်းတွေက အနည်းငယ် ပြူးကျယ်သွားသည် ။
"ဘာကို ဘာဖြစ်ရမှာလဲ ..
Hoseokie Hyung ရဲ့""မလိမ်ပါနဲ့ကွာ ..ခုတလော တစ်ခုခုတော့ ဖြစ်နေတယ်မလား !! ဘာကိစ္စမို့လို့လဲ"
ထိုသို့ပြောလိုက်တော့ Taehyung မျက်နှာမှာ
အပြုံးတို့ ဖြစ်ထွန်းလာပြန်သည်။ ပြီးတော့ သူ့အနား တိုးကပ်လာကာ လက်မောင်းကို တွဲကိုင်၍ ပုခုံးပေါ် မှီချလိုက်သည် ။
အရက်နံ့စွက်သော ကိုယ်သင်းရနံ့က Hoseok
နှာခေါင်းထဲ ဝင်လာသည်။"ငါတို့ အစ်ကိုကိုတော့ လိမ်လို့ မရဘူးပဲ !!
ဟီးဟီး "ပျော်ရွှင်စွာ ကလေးတစ်ယောက်လို တဟိဟိ
ရယ်မောနေသည့် Taehyung ကို သူ
တစ်ချက် လှမ်းကြည့်ကာ အရှေ့စားပွဲပေါ်မှ
ဖယောင်းတိုင်မီးအား ငေးလိုက်သည်။
YOU ARE READING
တော်ဝင်ချစ်သက်သေ [JIKOOK]
Fiksi Penggemar[Unicode+Zawgyi] ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် _9 April / 2018 _ 🟣 sorry...