21

1.6K 277 68
                                    

Unicode

Jimin တစ်ယောက် သခင်လေးJeonပြောတဲ့
နှုတ်ခမ်းချင်း မတော်တဆထိမိသည့်ဖြစ်ရပ်နောက်ပိုင်းမှာ ထိုသခင်လေးအား မသိမသာတစ်မျိုး၊သိသိသာသာတစ်ဖုံကို ရှောင်နေမိသည်။

ထို့ကြောင့် ယခု‌ညနေပိုင်းတွင်လည်း မင်းသားNamjoon နဲ့ သခင်‌လေးSeokjinရဲ့လက်ဖက်ရည်ဝိုင်းတွင် ကပ်ထိုင်ကာ
လာရှုပ်နေခြင်းဖြစ်သည်။

Taehyungကိုက မနေ့က
နေ့လည်စာစားပြီးကတည်းက မတွေ့ရ‌တာကြောင့် ပျင်းလာသည်မို့ အခုလို
အကိုကြီးတွေစကားဝိုင်းမှာ
ယောင်လည်လည်နဲ့ လာနားထောင်နေခြင်းပင်။

သူတို့သုံးဦးသည် ကန်ရေပြင်အလယ်က ကျောင်းသားများနားခိုဖို့ရန် ဆောက်လုပ်ထား‌သော အိမ်ငယ်ပုံစံနန်းဆောင်သေးသေးတွင် ထိုင်နေကြခြင်းဖြစ်သည်။နေစောင်းချိန်ဖြစ်တာမို့ အနည်းငယ်ပူနေသော ရာသီဥတုကြောင့် Jiminသည် နံဘေးနားက Seokjin Hyungရဲ့ ယပ်ခပ်တာကို ကပ်၍ ခံစားနေလေသည်။

"လာမယ့် ပွဲတော်နေ့ရောက်ရင်
ညနေပိုင်းမှာ ကိုယ့်ကို လာတွေ့ပါလား .. "

ဘေးနားမှ ထိုင်ကာ ယပ်ခပ်တာလေးခံရင်း
အတွေးတွေ လေလွှင့်နေသော Jiminက ရှေ့က တခြားစကားတွေသာ ခေါင်းထဲမဝင်တာ Namjoonမင်းသားရဲ့ထိုစကားကျမှ ရအောင်ကြားလိုက်လေသည်။ ထို့ကြောင့် လက်ထဲက ကလောင်တံကို ဟိုခြစ်ဒီခြစ်လုပ်နေရာကနေ
ရပ်လိုက်ကာ Seokjin hyungရဲ့အဖြေအား တိတ်တိတ်ကလေးနားစွင့်နေမိသည်။

"ဘာကိစ္စရှိလို့လဲ သခင်လေးရဲ့"

"တခြားမဟုတ်ပါဘူး ...
ချိန်းတွေ့ဖို့ ခေါ်တာပါဗျာ "

" ဗျာ!!!! " ဟူ၍ အလန့်တကြား
ထအော်လိုက်သည်က နံလေးနားမှာ ပုံ့ပုံ့ကလေးထိုင်နေသော တစ်ချိန်လုံးတိတ်နေသည့် Park Jiminဆီမှပင်။ ထိုအော်သံကြောင့် Seokjinက ရင်ဘတ်လေးဖိလိုက်ရင်း သူ့ဘေးက Jiminဖက်ကို ဘုကြည့်ကြည့်လိုက်ကာ ဆိုသည်။

"မင်းကလည်း ငါလန့်ဖို့လည်းထားပါဦး "

"မဟုတ်ဘူးလေ..
သခင်လေးJoonကလည်း..
ဒါမျိုးကို ကျွန်တော်ရှိနေတဲ့အချိန်ကြီး
ဘာလို့ ပြောတာလဲဗျ !?"

တော်ဝင်ချစ်သက်သေ [JIKOOK]Where stories live. Discover now