6

5.7K 742 32
                                    

UNICODE

"ဟေး .. အသစ်ကလေး "

သူ့အား ခေါ်သည်လားဟု ဘေးဘီဝဲယာကို Jimin လှည့်ကြည့်လေတော့ ခပ်လှမ်းလှမ်းမှ ကျောင်းသားလေးတစ်ယောက်သည် သူ့ထံသို့
တည့်တည့်ကြည့်ကာပြုံးစိစိလုပ်ပြနေသည်။

"ကျွန်တော်လား ? "

သူ့ကိုယ်သူ လက်ညိုးဖြင့် ထောက်လိုက်ရင်း
ပါးစပ်လှုပ်ရုံမေးလိုက်တော့ အနားရောက်သည်အထိ ခပ်သွက်သွက် ပြေးလာသည်။ ဒါကြောင့် မျက်နှာသုတ်နေသည့် ပုဝါစကို နံဘေးရှိကြိုးတန်းတွင် တင်လိုက်ကာ သူ့ဘေးနားရောက်ချလာသည့် သခင်လေးအား ကြည့်လိုက်သည်။

"ငါက Taehyung ပါ .. Kim Taehyung !!"

အနားကပ်လာမှ သေချာကြည့်လိုက်မိတော့
တော်တော်လေးကို ကြည့်ကောင်းချောမောသည့် သူတစ်ယောက်ဖြစ်ကြောင်းကို သူသိလိုက်ရသည်။
အသံကလည်း သူများနှင့်မတူပဲ သြရှရှ ...

"ကျွန် .. ကျွန်တော်က  Park Jimin ပါ .. "

ထစ်ထစ်အအမိတ်ဆက်လိုက်မိတော့ Taehyung ဆိုသည့် ထိုကောင်လေးက
လက်သီးနှစ်ဖက်ဆုပ်လိုက်ကာ သူ့ပါးပြင်တွင် သူ
ကပ်လိုက်ပြီး "အိုမိုး .. ချစ်စရာလေး " ဟူ၍ အော်လေတော့သည်။သူလည်း အူကြောင်ကြောင်ဖြင့် အရှေ့မှ ထူးဆန်းသော သခင်လေးအား ငေးကြည့်နေမိသည် ။

"ငါက စီနီယာနော့် ..
ဒါပေမဲ့ .. ငါတို့ သူငယ်ချင်း လုပ်ရအောင် !! "

"သြော် ..အင်း .. အင်းပါ "

သခင်လေးဟု ခေါ်စရာမလိုကြောင်း ထိုကောင်လေးအမူအရာအား ကြည့်ကာ သူ နားလည်လိုက်သည်။ထို့အပြင် ဟိတ်ဟန်မာန်မာန တစ်စိုးတစ်စိမျှမရှိသည့် အမူအရာကြောင့် နေရသက်သာသွားမိသည်။

"ဒါနဲ့ ဘယ်နားမှာ ကိုယ်လက်သန့်စင်ခဲ့သလဲ?
ခုနက မတွေ့မိပါလား ?? "

"ဟို ..ကျောင်းအနောက်ဖက်ဆုံးက စမ်းချောင်းမှာ "

"ဘာ !!!!! မင်းကို ဘယ်သူခေါ်သွားသလဲ ? "

"ငါ့အဆောင်ခန်းက .. သ သခင်လေးလေ .. ဘာလို့လဲ ? "

Taehyung က ခေါင်းကိုခါယမ်းလိုက်ကာ
ဝတ်ရုံကို ဝဲခနဲ ဖြစ်သွားသည်အထိ
လက်ကိုပိုက်ပစ်လိုက်ပြီး ဆက်ပြောသည် ။

တော်ဝင်ချစ်သက်သေ [JIKOOK]Where stories live. Discover now