Unicode
* ခွမ်း *
လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးက
အရှေ့မှာထိုင်နေသောလူနံဘေးမှ
သီသီလေးလွဲပြီး အနောက်ဖက်နံရံသို့ထိမှန်ကာ
ကွဲထွက်သွားသည့်အသံက အခန်းတွင်း
ကျယ်လောင်စွာ ထွက်ပေါ်လာသည် ။"ဒီကိစ္စလေးကိုတောင် ဖြစ်မြောက်အောင် မလုပ်နိုင်ဘူးတဲ့လား .. "
"တောင်းပန်ပါတယ် .. မယ်မယ်ကြီး "
ဒူးထောက်ထားသည့်ယောကျာ်းသည်
တောင်းပန်စကားကိုသာ ဆိုနေသည် ။
အရှေ့မှအမျိုးသမီးရဲ့မျက်နှာက မာကြော ခက်ထန်လျက် .."ဒုတိယတစ်ခါရော အခု သုံးကြိမ်မြောက်ရော
ရှုံးနိမ့်တယ် .. ငါက နင့်ကို ဘယ်လိုယုံပြီး ဒါတွေ စေခိုင်းနေရသလဲ "နားထင်ကို လက်ဖြင့်ထောက်ထားကာ
အံကြိတ်လျက် ဆိုလေတော့ အရှေ့မှ
လူသည်ကား ခေါင်းကိုသာ ငုံ့ထားသည်။
ဒီအခါ.. မယ်မယ်ကြီးက ထိုသူဆီ စူးရှစွာ
ကြည့်ပြီးနောက် မေးလေသည် ။" ဘယ်သူလဲ !! အဲ့ဒီတုန်းက ကလေးက !! "
* * * * *
"အမယ် .. ဒါက ဘယ်ကပြန်လာကြသလဲ?"
Taehyung ရဲ့ အမေးစကားကြောင့်
Jimin ပုံတစ်ပုံကို ကုန်းပြီး ဆွဲနေရာမှ မော့ကြည့်မိသည်။ လက်တစ်ဖက်က ယပ်တောင်အသစ်စက်စက်နဲ့တကွ တစ်ဖက်မှပြုံးပြုံးကြီး သခင်လေး Namjoon ကို ဝန်းရံထားရင်း နားနေဆောင်ထဲ ဝင်လာသည့် Jin Hyung ...Jimin ဆီ လှမ်းကြည့်ကာ မျက်စိတစ်ဖက်မှိတ်ပြနေသည့် Namjoon hyung ကြောင့် Jimin လည်း 'တော်သည်' ဟူ၍ လက်မထောင်ပြလိုက်သည် ။
" ဒါက ဒီလို ရှိတယ်ကွ ..
ဒီက Namjoon သခင်လေးက
မြောင်နိုင်ငံထွက်တဲ့ ဟောဒီယပ်တောင်ကို
လက်ဆောင်ပေးတာတဲ့လေ .. မလှဘူးလား
ကြည့််လိုက် ကြည့်လိုက် .. အရောင်အဝါက အစ လှလိုက်လေခြင်း .. တကယ်
ဘုရင့်ဆီ ဆက်သတဲ့ ပစ္စည်းဆိုတော့ ကွာခြားလိုက်တာ "အတန်ငယ် ကြွားဝါကာ ဆိုနေသော Jin Hyung ကြောင့် Taehyung က မျက်စောင်းသဲ့သဲ့ လှမ်းထိုးသည် ။ ထို့နောက်
အစွန်ဆုံးစားပွဲငယ်လေးဆီက Hoseok အရှေ့ထံပါး လှစ်ခနဲဆို ရောက်သွားလေသည်။
YOU ARE READING
တော်ဝင်ချစ်သက်သေ [JIKOOK]
Fanfiction[Unicode+Zawgyi] ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် _9 April / 2018 _ 🟣 sorry...