မိုးများသည်းထန်စွာရွာနေသောလမ်းမထက်
ပြေးလွှားနေသော တစ်စုံတစ်ယောက်.......ကြောက်ရွံ့ခြင်းဆီမှလွတ်မြောက်ရန်
အစွမ်းကုန်ပြေးနေမိသည်.......မိုးရွာနေတာလား.......ဟင့်အင်း.....
သည်းနေတဲ့မိုးထက် သူ့ကိုပိုကြောက်တယ်.....လွတ်မြောက်ချင်လို့ပါ.......
ဘုရားသခင် ကူညီပေးပါ......အချိန်ဘယ်လောက်ကြာကြာ ပြေးနေမိသည်လဲ
ဂရုမစိုက်နိုင်ပါ........နာကျင်နေတဲ့ခြေထောက်ကိုလည်း
ဂရုမစိုက်နိုင်တော့ပါ.......သူ့ဆီမှသာလွတ်မြောက်မယ်ဆိုရင်
ဘာကိုပဲပေးဆပ်ရပေးဆပ်ရ
လွတ်မြောက်ခြင်းကိုသာပေးသနားပါ.......တစ်နေရာအရောက် ကားမီးရောင်ကြောင့်
စူးခနဲဖြစ်သွားသော မျက်၀န်းများနှင့်အတူ
နားကိုလက်နှစ်ဖက်နှင့်ပိတ်ထားကာ
ကားလမ်းမထက်ထိုင်ချမိသည်.......ကျွီ......
ကားပေါ်မှဆင်းလာသောလူတစ်ယောက်......
" တောင်းပန်ပါတယ်!!! မရည်ရွယ်ပါဘူး!!!!
နောက်မပြေးတော့ပါဘူး!!! တောင်းပန်ပါတယ်!!! "လက်နှစ်ဖက်ကိုပွတ်ကာ အရူးကဲ့သို့ပင်
တောင်းပန်နေမိသည်......
ကြောက်သည်......ထွက်ပြေးတိုင်းပြန်မိသွားလျှင်
သူလုပ်တတ်သည့်အပြုအမူကိုကြောက်သည်....." ဟိတ်!!! ဟိတ်ကောင်လေး.....မိုးရေထဲမှာ
ဘာလို့ပြေးနေရတာလဲ.....ဘာဖြစ်လို့လဲ "လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာမေးလာသော
ခပ်စိမ်းစိမ်း အသံတစ်ခု......
ပါးပြင်ကိုပါ ပုတ်နေသောလက်ဝါးပြင်....." ကယ်ပါ!!! ဟွန်းကိုကယ်ပေးပါ...... "
" ဟာ....ဟေ့....သတိထားဦးလေ.... "
အင်္ကီျစဆွဲကိုင်ကာ အကူအညီတောင်းပြီးသည့်နောက်
လောကကြီးနှင့်အဆက်အသွယ်ပြတ်ခဲ့ရသည်........
YOU ARE READING
If we meet again.... [ ChanHun OTP ] Completed
Fanfictionဘ၀မှာသင်မုန်းခဲ့သူတစ်ယောက်ကို နောက်တစ်ကြိမ်သာပြန်တွေ့ခဲ့မယ်ဆိုရင်.... သင်တကယ်ခွင့်လွှတ်နိုင်မှာတဲ့လား....... ဘ၀မှာသင်မုန်းခဲ့သူတစ်ယောက်ကို နောက်တစ်ကြိမ်သာပြန်တွေ့ခဲ့မယ်ဆိုရင်.... သင်တကယ်ခွင့်လွှတ်နိုင်မှာတဲ့လား...