" ကိုကြီး.......ဟွန်းအိမ်ပြန်ချင်ပြီ......
ဆေးရုံမှာနေရတာမွန်းကြပ်တယ်...... "ဆေးရုံသို့ရောက်နေသည်မှာ
တစ်လနီးပါးခန့်ရှိနေပြီဖြစ်သောကြောင့်
အိမ်ပြန်ချင်သည်ဟုပြောလာသောဟွန်းလေး......အိမ်မပြန်ခင်တွင်ကတိတစ်ခုတော့
ရအောင်တောင်းသွားရမည်......နောက်ထပ်ဘယ်တော့မှ
သေကြောင်းမကြံစည်ရန်ဖြစ်သည်......၃လ ရှိနေပြီဖြစ်သောကလေး လေးအတွက်ပဲဖြစ်ဖြစ်
ဟွန်းလေးအသက်ရှင်ရမည်ဖြစ်သည်......ကလေးမွေးပြီးသည်နှင့် သူနှင့်ရှင်းက
ထိုကလေးကိုသူတို့သားသမီးအဖြစ်
အပြီးတိုင်မွေးစားကာ အတိတ်နှင့်ပတ်သက်သမျှ
အရာအားလုံးကို ဟွန်းလေးမေ့နိုင်အောင်
အစွမ်းကုန်ကြိုးစားပေးမည်......" ဟွန်းလေး......ကိုကြီးကိုကြည့်ဦး "
ငွေ့ရည်ဖွဲ့သောမျက်၀န်းများနှင့်ဟွန်းလေး......
လက်ထဲသို့ အာထရာဆောင်းပုံလေးထည့်ပေးလိုက်သည်...." ဒီပုံလေးကိုကြည့်ဦး.......ဒါလေးက
ဟွန်းရဲ့ဗိုက်ထဲက ကိုကြီးတို့ရဲ့တူလေးလေ......
အင်း.....တူလေးလား....တူမလေးလားတော့
သေချာမသိရသေးဘူးပေါ့....... "လက်ကလေးနှင့်အသာကိုင်ကြည့်နေပြန်သည်.....
" ဖြစ်ခဲ့သမျှတွေမှာ ဒီကလေးမှာ
အပြစ်မှမရှိခဲ့ပဲ ဟွန်းရယ်.....ဟွန်းက
ကလေးလေးကို အသက်မရှင်စေချင်တာလား.... "ခေါင်းခါပြလာတဲ့ ဟွန်းလေး.....
" အဲ့လိုပဲ ကလေးလေးကလည်း
အသက်ရှင်ချင်မှာပဲလေ.....ဟွန်းက
ကိုယ့်ကိုယ်ကို တစ်ခုခုလုပ်ရင်.....
ဟွန်းရဲ့ကလေးလေးကလည်း ဟွန်းနဲ့
ထပ်တူနာကျင်ရတယ်....ပြီးတော့.....
ဟွန်း....ကလေးလေးကိုမချစ်ဘူးလား......
ချစ်ရင် ကလေးလေးကျန်းမာအောင်
များများစားပေးရမယ်.....ဂရုတစိုက်နဲ့
ဆေးလည်းသေချာသောက်ရမယ်နော်...... "
YOU ARE READING
If we meet again.... [ ChanHun OTP ] Completed
Fanficဘ၀မှာသင်မုန်းခဲ့သူတစ်ယောက်ကို နောက်တစ်ကြိမ်သာပြန်တွေ့ခဲ့မယ်ဆိုရင်.... သင်တကယ်ခွင့်လွှတ်နိုင်မှာတဲ့လား....... ဘ၀မှာသင်မုန်းခဲ့သူတစ်ယောက်ကို နောက်တစ်ကြိမ်သာပြန်တွေ့ခဲ့မယ်ဆိုရင်.... သင်တကယ်ခွင့်လွှတ်နိုင်မှာတဲ့လား...