💔 17. 💔

2.8K 272 31
                                    

" ကိုကြီး.....ချန်းတို့ ဟွန်းကို
ဘယ်​လိုရှာရမလဲဟင်​..... "

အခုမှစိ​တ်​ကိုထိန်းချုပ်​နိုင်​ပုံရ​သော
ချန်း​လေးရဲ့အ​မေးကို
သူဘယ်​လို​ဖြေရမည်​မသိ​သေး....

" ကိုကြီးလူ​တွေနဲ့​တော့ဖြန့်​ရှာခိုင်းထားတယ်​....
ဘယ်​ကိုထွက်​သွားမယ်​ဆိုတာမှန်းမရ​တော့
အချိန်​အနည်းငယ်​​တော့ယူရ​လောက်​တယ်​..... "

" ချန်းအရမ်းမှားခဲ့တယ်​......ဟွန်းက
ချန်းကိုခွင့်​လွှတ်​နိုင်​ပါ့မလားဟင်​........ "

သူ့ရင်​ခွင်​ထဲ​ခေါင်းမှီထားရင်းပင်
ငို​နေရင်း​ပြော​နေ​သောချန်း​လေး......
အခုချိန်​တွင်​သူရင်​နာ​နေသည်​ထက်
သူချစ်​ရ​သောသူများ​ပျော်​ရွှင်​ရဖို့က
ပိုအ​ရေးကြီးသည်​........

သူ​မျှော်​လင့်​ခဲ့ရ​သောမိသားစုဘ၀​လေးသည်
အခုချိန်​တွင်​​တော့​မျှော်​လင့်​လို့မရနိုင်​​တော့​သော
အခြားသူ၏ပိုင်​ဆိုင်​မှုဖြစ်​သွားပြီဖြစ်​သည်​.....

" ဒါက​တော့ချန်း​လေးကကြိုးစားရမှာ​ပေါ့.....
ဟွန်းခွင့်​လွှတ်​နိုင်​​တဲ့အထိချန်း​လေးက
ရ​အောင်​​တောင်းပန်​ပါ.....ဘယ်​လိုပဲဖြစ်​ဖြစ်
ခွင့်​လွှတ်​လာ​အောင်​ကြိုးစားပါ.......
မွေးဖွားလာမယ့်​ကိုကြီးတူ​လေးကို
မျက်​နှာငယ်​ရမယ့်​အဖြစ်​မျိုးမဖြစ်​လာ​အောင်
အတတ်​နိုင်​ဆုံးကြိုးစား​ပေးပါ....... "

တိတ်​ဆိတ်​​နေ​သောအ​ခြေအ​နေကို
ဖြိုခွဲလိုက်​​သောဖုန်းမြည်​သံ.......

ကိုကြီးဆီဆက်​​သောဖုန်းမို့
မျှော်​လင့်​တကြီးကြည့်​မိသည်​.......

" ဟဲလို.... "

" ........... "

" ဘာ!!! ​ဆေးရုံမှာ....ဘာဖြစ်​တာလဲ....
က​လေး....က​လေး​ရော..... "

ကိုကြီး​ပြောလိုက်​​သောဖုန်းသံ​ကြောင့်
ချန်း​ယောလ်​ပင်​ထိတ်​လန့်​သွားရသည်​.....

" ............ "

" ​သိပြီ.....ငါအခုလာခဲ့မှာမို့......
သေချာ​စောင့်​ကြည့်​​ပေးထားပါ..... "

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now