ဆယ်ဟွန်းခေါင်းထဲမှတဆစ်ဆစ်ကိုက်ကာ
နိုးထလာရသည်........
ဖြေးဖြေးချင်းထ ထိုင်ကာပတ်၀န်းကျင်ကို
လေ့လာရသည်.....သူလဲလျောင်းနေသည်မှာ ကုတင်တစ်ခု......
ဘေးနားတွင်လည်း အိမ်သုံးပရိဘောဂအစုံကို
တွေ့ရသေးသည်......ဒါဘယ်နေရာလဲ.......ပြီးတော့.....
ဘယ်သူကသူ့ကိုခေါ်လာရတာလဲ.....
ဘာအကြောင်းကြောင့်လဲ.....
မေးခွန်းများစွာသည်ခေါင်းထဲအစီအရီရှိနေသည်....." ဟွန်း.....နိုးနေပြီလား..... "
ကြားလိုက်ရသော ခပ်စိမ်းစိမ်းအသံသြရှရှ.....
အနားကပ်လာသည်တွင် စောင်ကိုတင်းနေအောင်
ဆုပ်ကိုင်ထားမိသည်......" ဘယ်သူလဲ......ဘာလို့ဟွန်းကိုခေါ်လာရတာလဲ "
" ချစ်လွန်းလို့.....သိပ်ချစ်လွန်းလို့ ဆုံးရှုံးရမှာ
ကြောက်လွန်းလို့ မရမကခေါ်လာခဲ့တာ..... "ပြောနေရင်းကုတင်ပေါ်တွင်လာထိုင်သူ.....
ပါးကိုလာကိုင်သောလက်ကိုပုတ်ထုတ်လိုက်မိသည်..." မထိနဲ့!!!! ဟွန်းအိမ်ပြန်ချင်လို့.....
အိမ်ကိုပြန်ပို့ပေးပါနော်....တောင်းပန်ပါတယ် "အိပ်ရာပေါ်တွင် ချက်ချင်းဒူးထောက်ကာ
လက်လေးနှစ်ဖက်ကိုပွတ်၍တောင်းပန်မိသည်....." မပို့နိုင်ဘူး.....အစထဲကတစ်သက်လုံး
သိမ်းပိုက်ချင်လို့ ခေါ်လာတာ.....ဘယ်လို
အကြောင်းပြချက်နဲ့မှပြန်ပို့မပေးနိုင်ဘူး....
မျက်နှာသစ်ပြီး ထမင်းနဲနဲစားလိုက်ဦး "ထမင်းထည့်လာသောဗန်းအား
ကုတင်ဘေးမှစားပွဲပေါ်တင်ရင်းပြောလာသူ...." ဟင့်အင်း!!! မစားချင်ဘူး!!
အိမ်ပြန်ချင်တယ်....ကိုကြီးစိတ်ပူနေလိမ့်မယ်...
ဟွန်းတောင်းပန်ပါတယ်နော်...ပြန်ပို့ပေးပါ "ထိုင်နေသူရဲ့လက်အားဆွဲကိုင်ကာ
ပြောရတော့သည်.......
YOU ARE READING
If we meet again.... [ ChanHun OTP ] Completed
Fanfictionဘ၀မှာသင်မုန်းခဲ့သူတစ်ယောက်ကို နောက်တစ်ကြိမ်သာပြန်တွေ့ခဲ့မယ်ဆိုရင်.... သင်တကယ်ခွင့်လွှတ်နိုင်မှာတဲ့လား....... ဘ၀မှာသင်မုန်းခဲ့သူတစ်ယောက်ကို နောက်တစ်ကြိမ်သာပြန်တွေ့ခဲ့မယ်ဆိုရင်.... သင်တကယ်ခွင့်လွှတ်နိုင်မှာတဲ့လား...