21

3.3K 300 32
                                    

မနက်​ခင်းရဲ့​နေ​ရောင်​ခြည်​နုနု​ကြောင့်
ချန်း​ယောလ်​မျက်​လုံးတို့ပွင့်​လာခဲ့သည်​.......

မျက်​နှာချင်းဆိုင်မှ​ကွေး​ကွေး​လေး
အိပ်​​ပျော်​​နေသည့်​ချစ်​ရသူ​လေး​ကြောင့်
မနက်​ခင်းသည်​ပို၍ပြည့်​စုံ​နေသလိုပင်​.....

" ​မောနင်းပါ ဒယ်​ဒီ့ရဲ့သား​လေး "

စောင်​​အောက်​ကဗိုက်​က​လေးကိုလက်​ဖြင့်
အုပ်​ကိုင်​ကာခပ်​တိုးတိုး​ပြောလိုက်​​တော့
အထဲကလှုပ်​ရှားမှု​ကြောင့်​ပြုံးမိသည်​......

" အရမ်းမ​ဆော့နဲ့​လေ သား​လေးရဲ့......
ပါးပါးနိုးသွားမှာ​ပေါ့...... "

ချစ်​ရသူ​လေးက​တော့နှစ်​နှစ်​ခြိုက်​ခြိုက်​ကို
အိပ်​​ပျော်​​နေပုံရသည်​...........

ဘေးဘက်​​စောင်းအိပ်​​နေသည်​​ကြောင့်
နှုတ်​ခမ်း​လေးချွန်​​နေသည်​မှာ
အသည်းယားစရာ​ကောင်းလွန်းသည်​......

စိတ်​ရှိတိုင်းဆိုမလွှတ်​တမ်း
နမ်းချင်​မိသည်​.......

အခုမှပြန်​လည်​အဆင်​​ပြေရန်
အစပျိုး​နေ​သောဆက်​ဆံ​ရေးကို
ပြန်​အဆင်​မ​ပြေဖြစ်​မည်​ကို
မလိုလားသည်​​​ကြောင့်
ဆန္ဒတို့ထိန်းချုပ်​ထားရသည်​........

ပါးနုနုကိုလက်​ဖြင့်​ကိုင်​ကြည့်​​တော့
လူးလွန့်​လာသည်​​ကြောင့်​ လက်​ကို
ပြန်​ရုတ်​ကာမျက်​၀န်းတို့​မှေးမှိတ်​ပြီး
အိပ်​ချင်​​ယောင်​​ဆောင်​မိသည်​.........

အိပ်​ရာ​ပေါ်မှအသာထသွားပြီး
ရေချိုးခန်းတံခါးပိတ်​သံကြားမှသာ
မျက်​၀န်းတို့ဖွင့်​ကြည့်​မိသည်​........

ခုန်​​ပေါက်​​နေ​သောနှလုံးသားရှိရာ
ဝဲဘက်​ရင်​အုံကိုလည်း
လက်​ဖြင့်​ဖိထားမိသည်​........

တံခါးဖွင့်​သံပြန်​ကြားမိ​တော့မျက်​၀န်းတို့
ပြန်​မှိတ်​ထားလိုက်​သည်​.........

အသာ​ခိုးကြည့်​မိ​တော့
အောက်​ဆင်းသွားပြီဆိုမှသာ
အိပ်​ရာကထ၍မျက်​နှာသစ်​ရန်
ရေချိုးခန်းဝင်​ရ​တော့သည်​.......

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now