💔 14. 💔

2.5K 268 44
                                    

ရီဖန်​အလုပ်​ကိစ္စ​ကြောင့်
ဂျပန်​သို့​ရောက်​​နေသည်​တွင်
ဟွန်း​လေးရဲ့ပြန်​လာခဲ့ပါကိုကိုရယ်​ ဆို​သော
စကားတစ်​ခွန်း​ကြောင့်​အလုပ်​ကိစ္စကို
အတွင်း​ရေးမှူးနှင့်​လွှဲထားခဲ့ကာ
ချက်​ချင်းပင်​ပြန်​လာခဲ့ရသည်​........

လူ​ခေါ်ဘဲလ်​တီးလိုက်​​တော့
တံခါးလာဖွင့်​​သော ဂျွန်​​မြောင်​သည်​လည်း
မျက်​နှာသိပ်​မ​ကောင်း......

" ဂျွန်​​မြောင်​......ဟွန်း​လေး​ရော... "

ခရီး​ရောက်​မဆိုက်
အ​ပြေးလာခဲ့ရ​သော်​လည်း
မ​မောပန်းနိုင်​ခဲ့.....

ဖုန်းထဲတွင်​ငို​သံစွက်​ကာ
ပြော​နေ​သောဟွန်း​လေးအသံသည်
အရာအားလုံးထက်​ပင်​သူ့ကို
စိတ်​ပင်​ပန်း​စေသည်​......

" အခန်းထဲမှာ......ည​နေငါပြန်​​ရောက်​ထဲက
အောက်​လည်းဆင်းမလာ​သေးဘူး.....
အခုထိလည်းဘာမှမစားရ​သေးဘူး.....
မေးလို့လည်းမရဘူး.....တစ်​ချိန်​လုံး
ငို​နေ​တော့တာပဲ...... "

" ​အေး....ငါတက်​ကြည့်​ဦးမယ်​.... "

အခန်းတံခါး​ရှေ့​ရောက်​​တော့
တံခါးကိုအသာ​ခေါက်​လိုက်​သည်​......

ဒေါက်​....​ဒေါက်​!!!!

" ဟွန်း......ကိုယ်​၀င်​ခဲ့မယ်​​နော်​..... "

အခန်တံခါးဖွင့်​လိုက်​သည်​နှင့်
မှောင်​မှဲ​နေ​သောအ​ခြေအ​နေတွင်
ကြား​နေရ​သောရှိုက်​သံသဲ့သဲ့.......

တစ်​ခန်းလုံးလည်းရှုပ်​ပွ​နေ​သေးသည်​.....

ကုတင်​​ပေါ်တွင်​​ဒူး​ပေါ်​ခေါင်းငိုက်​ချကာ
ငို​နေသူ​လေးအနားသို့
တဖြည်းဖြည်းသွားလိုက်​သည်​......

" ဟွန်း.....ဘာဖြစ်​လို့လဲ.....
အဲ့​လောက်​ထိငိုတာ သား​လေးအတွက်
မ​ကောင်းဘူး​လေဟွန်းရယ်​.....တိတ်​ပါ​နော်​ "

ပခုံး​လေးကိုင်​ရင်း​ပြောလိုက်​​တော့......
ရင်​ခွင်​ထဲအတင်းတိုးဝင်​လာပြန်​သည်​.....

" ကိုကို......ဟွန်းတို့လက်​ထပ်​ကြရ​အောင်​​နော်​ "

" သား​လေး​မွေးပြီးရင်​ကိုယ်​တို့
လက်​ထပ်​ကြမှာပဲ​လေ....ပြီး​တော့
ဟွန်းကို ကိုယ်​ကအိမ်​မှာ​ခေါ်ထား​တော့မှာ​လေ "

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now