ဆယ်ဟွန်းဧည့်ခန်းအတွင်းရှိဆိုဖာပေါ်တွင်
ထိုင်နေရင်းဘာလုပ်ရမည်မသိဖြစ်နေမိသည်.....ဒီနေ့မှစပြီး ချန်းယောလ်ဆိုသူနှင့်အတူ
တစ်အိမ်တည်းတွင်နေရတော့မည်ဖြစ်သည်......အတိတ်ကိုတွေးမိကာ အနည်းငယ်
ကြောက်နေမိပေမယ့် သူကကိုယ်နှင့်
မဖြစ်မနေပတ်သက်ရမည့်သူဖြစ်နေပြီဖြစ်သည်.....မနက်ကပင်လက်ထပ်မှတ်ပုံတင်ပြီးကာ
အပြီးပြောင်းလာခြင်းဖြစ်သည်........ကိုကြီးကတော့ အကြောင်းကိစ္စတစ်ခုခုဆိုလျှင်
ချက်ချင်းဖုန်းဆက်အကြောင်းကြားရန်ပြောသွားသည်.....ကိုကြီးသည်လည်း မလွှဲသာ၍
သဘောတူလက်ခံလိုက်ရခြင်းဖြစ်သည်.....
ဒူးထောက်တောင်းပန်ခဲ့သောကိုကို.....အဲ....
အခုဆို အစ်ကိုရီဖန်ပေါ့......အစ်ကိုရီဖန့်ကြောင့်
လက်ခံလိုက်ခြင်းပင်ဖြစ်သည်........ထိုသူသည်လည်း အနည်းငယ်အေးစက်နေသော
ဆက်ဆံရေးကြောင့် စရောက်ထဲကပင်
စကားမပြောဘဲခပ်လှမ်းလှမ်းမှသာ
အရိပ်တကြည့်ကြည့်နဲ့ အကဲခတ်နေသည်.......သူ့တိုက်ခန်းကိုသာပြောင်းလာခြင်းတွင်
အစစအရာရာအားလုံးအဆင်ပြေပါသည်.....
ဒါပေမဲ့.....တစ်ခန်းတည်းသော
အိပ်ခန်းကြောင့် ဆယ်ဟွန်းအနေခက်နေမိသည်.....သဘောမတူမကြည်ဖြူလျှင်နိုင့်ထက်စီးနင်း
မလုပ်ဟုကတိပေးထားသော်လည်း
အတိတ်ကအဖြစ်အပျက်အချို့နောက်တကြိမ်
ပြန်ကြုံတွေ့ရမည်ကိုကြောက်ရွံ့သည်......" ဟွန်း!!! ဘာလိုချင်လို့လဲ...... "
ရေသောက်ရန်ထလိုက်သည်တွင်
အနားသို့အမြန်ပြေးလာသူ......" ဟို......ရေ......ရေသောက်ချင်လို့ပါ "
" အော်......ထိုင်နေလေ.......
ကိုယ်ယူပေးမယ်နော်....... "ခဏအကြာတွင်ရေတစ်ခွက်ကိုင်ကာ
အနားသို့ရောက်လာသည်........
YOU ARE READING
If we meet again.... [ ChanHun OTP ] Completed
Fanficဘ၀မှာသင်မုန်းခဲ့သူတစ်ယောက်ကို နောက်တစ်ကြိမ်သာပြန်တွေ့ခဲ့မယ်ဆိုရင်.... သင်တကယ်ခွင့်လွှတ်နိုင်မှာတဲ့လား....... ဘ၀မှာသင်မုန်းခဲ့သူတစ်ယောက်ကို နောက်တစ်ကြိမ်သာပြန်တွေ့ခဲ့မယ်ဆိုရင်.... သင်တကယ်ခွင့်လွှတ်နိုင်မှာတဲ့လား...