💔 13. 💔

2.6K 283 38
                                    

ဆယ်​ဟွန်း ကိုကို့အိမ်​ကို​ပြောင်းဖို့​ပြော​တော့
ကိုကြီးကလက်​မခံဘူးမ​ပြော​သော်​လည်း
စိတ်​မ​ကောင်း​တော့ဖြစ်​သွားပုံရသည်​......

ခဏ​နေ​တော့ အစစအရာရာဂရုစိုက်​ရန်
အထပ်​ထပ်​မှာပြီး အိမ်​ကိုမကြာမကြာ
လာလည်​ရန်​လည်း​ပြော​သေးသည်​.....

သူ့ကိုအမြဲလိုလိုအစစအရာရာ
ဂရုစိုက်​တတ်​​သောကိုကြီးကို
ဒီအ​တောအတွင်း ဟွန်း​ကြောင့်
စိတ်​ညစ်​ခဲ့ရသည်​ကို​တွေးမိ​တော့
စိတ်​မ​ကောင်းဖြစ်​ရသည်​......

တောင်းပန်​ပါတယ် ကိုကြီး......
ဟွန်း​ကြောင့်​နဲ့​နောက်​ထပ်
စိတ်​မညစ်​​စေရ​တော့ပါဘူး.....

ကိုကြီးတို့နှင့်​စကား​ပြောပြီး
အ​ပေါ်ထပ်​အခန်းဆီသို့
တက်​လာခဲ့လိုက်​သည်​.......

အိပ်​ရာထဲအသာလှဲလိုက်​​တော့
ဗိုက်​ထဲမှလှုပ်​ရှားမှု​လေး​ကြောင့်
ပျော်​ရွှင်​ခြင်းတို့အတိုင်းအဆမဲ့.......

အခုသား​လေးနဲ့ပါးပါးတို့
ပျော်​ရွှင်​စရာ​တွေပဲရှိလာ​တော့မှာလို့
ဗိုက်​​လေးကိုင်​ကာခပ်​တိုးတိုး
ရေရွတ်​မိ​သေးသည်​.......

ဖုန်းသံ​ကြောင့်​ဖုန်းကိုယူလိုက်​​တော့.....
ဖုန်းဆက်​သူကကိုကို.......

" ဟဲလို.....ကိုကို​ပြော​လေ "

" အင်း.....ဂျွန်​​မြောင်​တို့ကခွင့်​ပြု
လိုက်​ပြီဆို..... "

" ကိုကြီးတို့များချက်​ချင်းကိုဖုန်းဆက်
ပြော​တော့တာပဲ....... "

" ကိုယ်​ကစိတ်​ပူပြီး​ဖုန်းဆက်​​မေးလိုက်​တာပါ... "

" အင်း.....ထားပါ​တော့......ကိုကို့အိမ်​ကို
ဟွန်းကဘယ်​​တော့​ပြောင်းလာရမှာလဲ.....
ပစ္စည်း​တွေကြိုသိမ်းထားရ​အောင်​လို့ပါ..... "

" ကိုယ်​အခန်းပြန်​ပြင်​လိုက်​ဦးမယ်​......
ပြီး​တော့.....ကိုယ်​အလုပ်​ကိစ္စနဲ့ခရီးထွက်​ရမှာ
၃ရက်​​လောက်​ကြာမယ်​.....ပြန်​လာတာနဲ့
ကိုယ်​လာ​ခေါ်မယ်​.....ဘာမှ​လျှောက်​မလုပ်​နဲ့....
ငြိမ်​ငြိမ်​​လေး​စောင့်​​နေ.....ကိုယ်​လာမှစီစဉ်​မယ်​ "

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now