" တောင်းပန်ပါတယ်.......
ကျွန်တော်မှားသွားခဲ့ပါတယ်....... "ချန်းယောလ် ဟွန်းရဲ့ကိုကြီးကို
ဒူးထောက်ကာတောင်းပန်နေမိသည်.....တကယ်ပင်သူသည်လည်း ဒူးထောက်
တောင်းပန်လျှင်တောင်ကျေနပ်နိုင်စရာမရှိသော
အမှားတစ်ခုကိုကျူးလွန်ခဲ့ခြင်းဖြစ်သည်.......သူတဇွတ်ထိုးလုပ်ခဲ့မိသောအမှားတစ်ခုသည်
သူကိုယ်တိုင်ပင်မဟုတ်ဘဲ သူချစ်ရသူများဖြစ်သော
ကိုကြီးနှင့်ဟွန်း......ထို့နောက်
မွေးဖွားမလာသေးသောသူ၏သားလေး.......
အားလုံးခံစားနေရပြီဖြစ်သည်......." မလိုအပ်ဘူး.....မဟုတ်ဘူး.......
မင်းတောင်းပန်တာကိုမလိုချင်ဘူး.....
ဘာလို့များ မင်းက ၀ူရီဖန်ရဲ့ညီဖြစ်နေရတာလဲ....
ဆိုးရွားလိုက်တဲ့တွေ့ဆုံခြင်းတွေ.....ထားပါလေ...
ဒါတွေကအရေးမကြီးတော့ပါဘူး........
မင်းမတောင်းပန်နဲ့.....မင်းဆိုတဲ့ကောင်က
တောင်းပန်ခွင့်တောင်မရှိဘူး.....မင်းသိလား.....
ငါတို့ဟွန်းလေးဘယ်လောက်တောင်
စိတ်ထိခိုက်ခဲ့ရတယ်ဆိုတာကို......မင်းဆီက
ပြန်လွတ်လာပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကို
သတ်သေဖို့ဘယ်လောက်တောင်
်ကြိုးစားခဲ့တယ်ဆိုတာကို.......မင်းကို ငါ့သူငယ်ချင်း
ရီဖန်ရဲ့ညီဖြစ်နေလို့ တရားမစွဲဘဲထားတာ.....
စိတ်ထဲရှိတဲ့အတိုင်းဆို မင်းကိုရဲလက်အပ်လိုက်ချင်တာ "" တောင်းပန်ပါတယ်.......တကယ်ကို
တောင်းပန်ပါတယ်......သားလေးနဲ့ဟွန်းအတွက်
တကယ်ကိုတာဝန်ကျေပွန်တဲ့လူတစ်ယောက်
ဖြစ်စေရပါမယ်.......ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ "" ဟက်.......တာဝန်ဟုတ်လား.....
မလိုအပ်ဘူး.....ငါ့ညီနဲ့ငါ့တူလေးကို
ငါစောင့်ရှောက်နိုင်တယ်.....မင်းမရှိဘဲ
လိုလေးသေးမရှိအောင်ထားနိုင်တယ်....
အဲ့ဒါကြောင့်မင်းကိုမလိုအပ်ဘူး.....
ပြီးတော့.......ငါ့တူလေးကိုမွေးပြီးတာနဲ့
ငါတို့မိသားစုရှန်ဟိုင်းကိုအပြီးပြောင်းတော့မှာ..... "
YOU ARE READING
If we meet again.... [ ChanHun OTP ] Completed
Fanfictionဘ၀မှာသင်မုန်းခဲ့သူတစ်ယောက်ကို နောက်တစ်ကြိမ်သာပြန်တွေ့ခဲ့မယ်ဆိုရင်.... သင်တကယ်ခွင့်လွှတ်နိုင်မှာတဲ့လား....... ဘ၀မှာသင်မုန်းခဲ့သူတစ်ယောက်ကို နောက်တစ်ကြိမ်သာပြန်တွေ့ခဲ့မယ်ဆိုရင်.... သင်တကယ်ခွင့်လွှတ်နိုင်မှာတဲ့လား...