💔 7. 💔

2.8K 297 70
                                    

ဆယ်​ဟွန်းအနည်းငယ်​စူထွက်​​နေတဲ့
ဗိုက်​က​လေးကိုကိုင်​ကြည့်​ရင်း
ပြုံး​နေမိသည်​......

ကိုကြီးတို့ကအလုပ်​သွားကြ​တော့
အိမ်​မှာတစ်​​ယောက်​တည်းကျန်​ခဲ့တယ်​....

ပျင်း​နေတာနဲ့ မုန့်​စားလိုက်​.....
Tv ကြည့်​လိုက်​....ပန်းချီဆွဲလိုက်​နဲ့
ပြီးခဲ့တဲ့ကိစ္စ​တွေကိုအတတ်​နိုင်​ဆုံး
မေ့ထားလိုက်​သည်​.....

ခုလည်း Tv ကလာတဲ့ကာတွန်းကားကြည့်​ရင်း
ကိုကြီးဝယ်​ထား​ပေးတဲ့ ကိတ်​မုန့်​ကိုစား​နေခြင်းဖြစ်​သည်​...

တီး​တောင်​.........တီး​တောင်​.......

အိမ်​​ရှေ့မှလူ​ခေါ်ဘဲလ်​မြည်​လာ၍
စားလက်​စကိတ်​မုန့်​ကိုခုံ​ပေါ်တင်​ထားကာ
အိမ်​​ရှေ့ထွက်​ခဲ့လိုက်​သည်​.........

ရီဖန်​တစ်​​ယောက်​ တံခါး​ရှေ့မှာ
ရင်​ခုန်​စွာနဲ့တံခါးလာဖွင့်​​ပေးမယ့်​သူကို
မျှော်​​နေမိသည်​.....

T-shirt ခပ်​ပွပွ နှင့်​ ​ဘောင်းဘီဒူးအထက်​ကို
ဝတ်​ထားကာ တံခါးလာဖွင့်​သူ​လေး......
အရင်​​နှင့်​မတူ ရွှင်​လန်း​နေ​သော
မျက်​နှာဖြူအုအုတွင်​အပြုံးတစ်​ခု​နေရာယူလျက်​....

" ဘယ်​သူ......အဲ.....ကိုကြီးသူငယ်​ချင်းပဲ.....
ကိုကြီးကမရှိဘူး.....အလုပ်​သွားတယ်​...... "

" ဟို......ကိုယ်​အိမ်​ထဲဝင်​လို့ရမလား..... "

တစ်​ချက်​အံ့သြသွား​သော မျက်​နှာ​လေး......

" ရ...ရပါတယ်​.....၀င်​ပါ..... "

ဖွင့်​ထား​သောတံခါးကို​ကျော်​ကာ
အိမ်​ထဲသို့ဝင်​လာလိုက်​သည်​......
ဧည့်​ခန်းဆီသို့သာတန်းဝင်​လိုက်​သည်​.....

" ဟို.....ထိုင်​ပါဦး​နော်​.....ဟွန်း....​ကော်​ဖီ "

" ​နေ....ရတယ်​.....ကိုယ်​မ​သောက်​​တော့ဘူး....
ဒီမှာငြိမ်​ငြိမ်​ထိုင်​​နေ...... "

ပြောလက်​စ စကားကိုဖြတ်​​ပြောကာ
လက်​ကအတင်းဆွဲ၍ ဆိုဖာတွင်
အတင်းဝင်​ထိုင်​ခိုင်း​နေသည်​​ကြောင့်
ဆယ်​ဟွန်းတစ်​​ယောက်​အူတူတူဖြင့်
ထိုင်​လိုက်​ရသည်​......

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now