23

3.2K 290 26
                                    

နွေး​ထွေး​သောမနက်​ခင်းတစ်​ခု......
နေ​ရောင်​ခြည်​ဖြာကျ​နေ​သော
အခန်း​လေးအတွင်းကုတင်​​ပေါ်၌
အိပ်​​မောကျ​နေသူနှစ်​ဦး.......

ချန်း​ယောလ်​နိုးလာသည်​နှင့်
ရင်​ခွင်​ထဲမှချစ်​ရသူ​လေးရဲ့မျက်​နှာကို
တစိမ့်​စိမ့်​ကြည့်​​နေမိသည်​........

မ​နေ့ညကမထင်​မှတ်​ထားဘဲ
ဟွန်းကိုသူနမ်းခွင့်​ရခဲ့သည်​.......

အနမ်းတို့ကိုပြန်​လည်​တုံ့ပြန်​လာသူ​လေး​ကြောင့်
ပျော်​​နေမိသည်​မှာအတိုင်းအဆမဲ့........

အနမ်း​တို့တွင်​အချိန်​အ​တော်​ကြာ
စီး​မျောပြီး​နောက်​ရင်​ခွင်​ထဲမှာပင်
အိပ်​​ပျော်​သွားသူ​လေး........

ပျော်​လွန်းသည့်​ခံစားချက်​တို့အား
စကားလုံးတို့ဖြင့်​ပင်​​ဖော်​ပြ၍မတတ်​.......

စောင်​​အောက်​မှဗိုက်​က​လေးကို
လက်​ဖြင့်​ထိမိ​တော့အထဲကန်​​နေပြန်​​သော
သူ့ရဲ့သား​လေး.........

" ငြိမ်​ငြိမ်​​နေ​လေ သားသားရဲ့.........
ပါးပါးအိပ်​​နေတာနိုးသွားဦးမယ်​........ "

ဗိုက်​က​လေးကိုပွတ်​လို့ခပ်​တိုးတိုး​ပြောလိုက်​သည်​.....

နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​​နေ​သော
ရင်ခွင်​ထဲက ချစ်​ရသူ​လေးကို
မြတ်​မြတ်​နိုးနိုးနှင့်​နဖူးသို့ဖိကပ်​နမ်းလိုက်​သည်​.....

နို့နံ့ခပ်​သင်းသင်း​ကြောင့်​ပါးပြင်​ကိုပါ
ဖိကပ်​နမ်းရှိုက်​မိသည်​.........

" အင်း...... "

နမ်းတာအားပါသွားသည်​​ကြောင့်
လှုပ်​ရွကာနိုးလာသူ​လေး........

နဖူး​ပေါ်မှဆံနွယ်​တို့အားညင်​သာစွာ
သပ်​တင်​​ပေး​နေမိသည်​........

ချစ်​လိုက်​တာဆိုသည်​ကိုတ​နေ့လုံး
မရိုး​အောင်​ခဏခဏ​ပြောချင်​​နေမိသည်​......

" နိုးပြီလား......ဟမ်​....... "

နား နားကပ်​ကာခပ်​တိုးတိုး​ပြောရင်း
ပါးပြင်​ကိုနှာဖျားတို့နစ်​၀င်​သည်​အထိ
နမ်းရှိုက်​မိ​တော့​ခေါင်း​လေးငုံ့သွားသည်​.....

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now