ဆယ်ဟွန်း ကိုကို့မားမားနှင့်
ထမင်းစားအပြီးဆိုင်အပြင်ရောက်မှသာ
သက်ပြင်းကိုရဲရဲချနိုင်သည်......ဘယ်လောက်ပင်ကိုကိုကသိနေပြီး
လက်ခံနိုင်သည်ဆိုသော်ညား
ကိုကို့မိဘတွေကမသိခဲ့ဘူးမလား....ကလေးလေးကို ယောက်ျားလေးဆိုတာ
သိသွားတော့ကိုကို့မားမားပျော်နေသည်တွင်
မျက်နှာတောင်ရဲရဲမကြည့်ရဲပေ....
အပြစ်လုပ်ထားသူမို့ကြောက်နေရသည်....သားလေးကိုတကယ်ပဲ
ကိုကို့ကလေးဟုထင်နေခဲ့သည်ကြောင့်
ကိုကို့မိဘများရှေ့ရောက်တိုင်း
အနေခက်ရသည်.....တကယ်လို့များအမှန်တရားကို
သိသွားခဲ့ရင်ဆိုသောစိတ်သည်
အမြဲလိုလိုကြီးစိုးထားသည်....." ဟွန်း......အနေခက်နေပြန်ပြီလား....
ကိုယ်ပြောထားတယ်လေ....အခု
အဲ့လိုမခံစားတော့လည်းဖြစ်ပြီလို့.....
ဟွန်းရဲ့ဗိုက်ထဲက ကလေးလေးက
ကိုယ့်ရဲ့သားလေးမို့ ဟွန်းကအတိတ်က
ကိစ္စကိုပဲမေ့ထားလိုက်ရင်ဖြစ်ပြီ....
အခုချိန်ထိကိုယ့်အချစ်ကို
မယုံကြည်နိုင်သေးတာလား..... "" မဟုတ်ပါဘူး....ဟွန်း....ဟွန်းက
ဒီအတိုင်းအားနာလို့ပါ.....မဖြူစင်တဲ့
ဟွန်းကိုအရမ်းချစ်ပေးတဲ့ကိုကို့ကို
အားနာလို့.....ကိုကို့မိဘတွေ
သိသွားခဲ့ရင်ဆိုပြီးကြောက်လို့..... "ပခုံးကိုခပ်တင်းတင်းဆုပ်ကိုင်ကာ
ရင်ခွင်ထဲခပ်တင်းတင်းဖက်ထားပေးသောကိုကို....." ဟွန်းရယ်......ကိုယ်ကဟွန်းကိုဒီအတိုင်း....
ဟွန်းဖြစ်နေလို့ချစ်ခဲ့တာပါ....ဟွန်းကို
အရမ်းချစ်ရတဲ့ ကိုယ့်အတွက်အတိတ်ဆိုတာ
မလိုအပ်ပါဘူး......ဟွန်းကိုအရမ်းချစ်ရတာမို့
ဟွန်းနဲ့ပတ်သက်တဲ့အရာအားလုံးကို
ကိုယ်လက်ခံနိုင်တယ်....အဲ့ဒါကြောင့်
နောက်တစ်ခါဘယ်တော့မှ အပြစ်ရှိသလို
အနေရခက်မနေပါနဲ့နော်..... "ဟွန်းကိုအရမ်းချစ်ပေးတဲ့ ကိုကို့အချစ်တွေကို
မြင်နေရတာမို့......ကိုကို့ခါးကိုလက်နှစ်ဖက်ဖြင့်
ခပ်တင်းတင်းပြန်ဖက်ထားကာခေါင်းငြိမ့်လိုက်မိသည်....
YOU ARE READING
If we meet again.... [ ChanHun OTP ] Completed
Fanficဘ၀မှာသင်မုန်းခဲ့သူတစ်ယောက်ကို နောက်တစ်ကြိမ်သာပြန်တွေ့ခဲ့မယ်ဆိုရင်.... သင်တကယ်ခွင့်လွှတ်နိုင်မှာတဲ့လား....... ဘ၀မှာသင်မုန်းခဲ့သူတစ်ယောက်ကို နောက်တစ်ကြိမ်သာပြန်တွေ့ခဲ့မယ်ဆိုရင်.... သင်တကယ်ခွင့်လွှတ်နိုင်မှာတဲ့လား...