💔 9. 💔

2.6K 264 48
                                    

" ​တောင်းပန်​ပါတယ်​..... "

ခေါင်းငိုက်​စိုက်​ကာ​တောင်းပန်​​နေတဲ့
ဟွန်း​လေး​ကြောင့်​ ရီဖန်​အနားသို့
သွားထိုင်​ကာလက်​ကိုခပ်​ဖွဖွ​လေးကိုင်​လိုက်​သည်​....

" မလိုပါဘူး ဟွန်းရယ်​.....ကိုယ့်​ကို
တောင်းပန်​​နေစရာမလိုပါဘူး.......
ကိုယ်​က​ကျေးဇူး​တောင်​တင်​​နေရတာပါ....
ကိုယ့်​ရဲ့ကမ်းလှမ်းချက်​ကို ဟွန်းက
ခက်​ခက်​ခဲခဲလက်​ခံခဲ့တဲ့အတွက်​ တကယ်​ကို
ကျေးဇူးတင်​ပါတယ်​.......ဟွန်းနဲ့ ဟွန်းရဲ့
ဗိုက်​ထဲကကိုယ်​တို့က​လေး​လေးအတွက်
မှန်​ကန်​တဲ့ဆုံးဖြတ်​ချက်​ပါ......ဘယ်​သူကမှ
ဟွန်းကို​မ​နှောင့်​ယှက်​နိုင်​​အောင်​ ကိုယ်
ကာကွယ်​​ပေးသွားမှာပါ...... "

ရင်​ခွင်​ထဲဝင်​လာတဲ့ ဟွန်း​လေး​ကြောင့်
အံ့သြသွားရ​ပေမယ့်​ အလိုက်​သင့်​​လေး
ပြန်​ဖက်​​ပေးထားလိုက်​သည်​.....
တကယ်​ပါ.....ထို​ကောင်​​လေးအား
ဖြူဖြူစင်​စင်​နဲ့မြတ်​မြတ်​နိုးနိုးကိုချစ်​ရတာပါ.....

" ​ကျေးဇူးတင်​ပါတယ်​.....ပြီး​တော့
မဖြူစင်​ခဲ့တဲ့အတွက်​တကယ်​ကို
တောင်းပန်​ပါတယ် "

ရင်​ခွင်​ထဲငို​ကြွေး​နေသူ​လေးအား
ကျောပြင်​​လေးကိုခပ်​ဖွဖွပုတ်​ကာ
ချော့မြူ​နေရသည်​.......

မလိုအပ်​ပါဘူး က​လေးရယ်​.....
မ​နေ့ညကဂျွန်​​မြောင်​ဖုန်းဆက်​ပြီး
ဟွန်းကမင်းကိုလက်​ထပ်​မယ်​လို့
ပြောကတည်းကကိုယ်​တကယ်​ကို
အ​ပြေးလာချင်​ခဲ့တာပါ......

ဂျွန်​​မြောင်​​ပြောပြလို့က​​လေးအ​ဖေက
မေးမြန်း​နေလို့ ဟွန်း​လေး​ကြောက်​​နေတယ်
ဆိုတာ​ရော.......ထိုလူနှင့်​ပြန်​ပတ်​သက်​ရမှာကို
အရမ်းကို​ကြောက်​ရွံ့ကာ 
ဆေးရုံတစ်​ရက်​တက်​လိုက်​ရတာ​ရော
သိသိချင်း ညတွင်းချင်းပင်
အ​ပြေးလာကာနှစ်​သိမ့်​ချင်​ခဲ့တာပါ.......

ငိုလိုက်​ပါ......ဒီ​နေ့တစ်​ရက်​​တော့
ကိုယ့်​ရင်​ခွင်​ထဲ အားရ​အောင်​ငိုလိုက်​ပါ.....
မနက်​ဖြန်​​ပေါင်းများစွာမှာ ဟွန်းအတွက်
ကိုယ်​ကအပြုံး​တွေကိုပဲ​ဆောင်​ကျဉ်း​ပေး​တော့မှာမို့ပါ......

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now