💔 15. 💔

2.8K 260 36
                                    

ဆယ်​ဟွန်း ကိုကိုနဲ့လက်​ထပ်​ပြီး
ကိုကို့အိမ်​မှာ​နေသည်​မှာ
၂လခန့်​ပင်​ရှိပြီဖြစ်​သည်​......

ကိုယ်​၀န်​သည်​လည်း၇လ​ကျော်​ကာ
မွေးဖွားဖို့နီးကပ်​လာပြီမို့
အစစအရာရာဂရုစိုက်​​နေရသည်​.....

ကိုကိုကလည်းအလုပ်​သွားသည့်​တိုင်
အမြဲလိုလိုဖုန်းဆက်​ကာ
ဂရုတစိုက်​ရှိလှသည်​......

လက်​ထပ်​ပြီးပြီဖြစ်​​သော်​ညား
ကိုကိုသည်​ဒီ​နေ့ထိတိုင်​ဟွန်း​အ​ပေါ်တွင်
သိမ်းပိုက်​ခြင်းမျိုးမရှိခဲ့​ပေ......

ဟွန်းဘက်​ကကိုကို့ကို
ချစ်​လာမည့်​အချိန်​အားစိတ်​ရှည်​ရှည်​နှင့်
စောင့်​​နေမည်​ဟု​ပြောထားသည်​.......

အိမ်​တွင်​​နေခဲ့ရသည့်​တိုင်
ဘာတစ်​ခုမှမလုပ်​ခိုင်း​ပေ.....

ဟွန်းဘက်​ကလိုအပ်​သည်​များကို
ကိုကိုကအမြဲလိုလိုမဖြစ်​ ဖြစ်​​အောင်
လုပ်​​ပေးတတ်​သည်​......

ထို့အတွက်​​ကြောင့်​ ပိုအားနာရသည်​.....
ဘယ်​​လောက်​ပင်​​မေ့ထားသည်​ဟု
ဆို​သော်​ညား အမှန်​တရားက​တော့
ပြောင်းလဲသွားမည်​မဟုတ်​​ပေ......

အတတ်​နိုင်​ဆုံး......မဟုတ်​ဘူး....
အတင်းကာ​ရောကိုပြည်​ဖုံးကားချလိုက်​ရ​သော
အတိတ်​တချို့က​တော့ နှလုံးသားရဲ့
အနက်​ရှိုင်းဆုံးတွင်​ မြဲ​နေ​အောင်
အမြစ်​တွယ်​​နေဆဲဖြစ်​သည်​......

အခုလည်းညလယ်​​ခေါင်​တွင်
ဆာ​လောင်​လာ​သောဗိုက်​​ကြောင့်
အောက်​ဆင်းကာတစ်​ခုခုစားမည်​ဟု
အိပ်​ရာ​ပေါ်မှအသာထလိုက်​သည်​.....

ကိုကိုနိုးမည်​စိုး၍ အသံမထွက်​​အောင်
အတတ်​နိုင်​ဆုံးကြိုးစားရသည်​.....

" ဟွန်း.....ဘာဖြစ်​လို့လဲ.... "

အိပ်​ချင်​မူးတူးဖြင့်​​မေးလာတဲ့ကိုကို.....

" အယ်​....ဟွန်း​ကြောင့်​နိုးသွားတာလား....
ပြန်​အိပ်​လိုက်​​နော်​...ဟွန်းကဘာမှမဖြစ်​ဘူး "

အိပ်​​ရေးပျက်​မည်​စိုး၍​ပြောရ​သေးသည်​....
ကိုကိုကတစ်​​နေ့လုံးကုမ္ပဏီမှာလုပ်​​နေရတာမို့
ပင်​ပန်းတယ်​မဟုတ်​လား.....

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now