26. FINAL

5.6K 304 64
                                    

Warning🔥🔥🔥🔥

ဆည်းလည်းသံ​လေးနှင့်​သာယာ​နေ​သော
ချန်း​ယောလ်​နဲ့ဆယ်​ဟွန်းရဲ့အိမ်​​လေးပါပဲ......

အခုဆိုသား​လေးက ၂လ​ကျော်​လာပြီဖြစ်​ပြီး
နှစ်​​ယောက်​လုံးသား​လေးထိန်း​နေရသည်​နှင့်
မအားလပ်​နိုင်​ဖြစ်​​နေရသည်​.......

ကိုကြီးနှင့်​ဟွန်းရဲ့အစ်​ကိုတို့က​တော့
တစ်​ပတ်​ကိုတစ်​ခါ​လောက်​လာဖြစ်​​အောင်
လာကြသည်​.......

သူတို့တူ​လေး.....အချစ်​တုံး​လေးကို
သူ့တူ ငါ့တူဆိုကာလာလု​နေကြ​သေးသည်​.....

ဆယ်​ဟွန်းသည်​လည်း​နေ့လည်​ဘက်​ဆို
သား​လေးထိန်းရသည်​နှင့်​အိမ်​အလုပ်​​တွေနှင့်
လုံးလည်​ချာလည်​လိုက်​​နေ​တော့သည်​.......

ည​နေဘက်​ ချန်းအလုပ်​ကပြန်​လာလျှင်​​တော့
သား​လေးကို ကူထိန်း​ပေးတတ်​သည်​.........

အလုပ်​ကပြန်​​ရောက်​လို့​ရေချိုးအ၀တ်​အစား
လဲပြီးသည်​နှင့်​ကိုသား​လေးကိုလက်​က
မချတမ်းချီထားကာထိန်း​နေ​တော့သည်​.......

အလုပ်​ပင်​ပန်းလာလို့နားပါဆိုလည်းမရ.......
အမြဲတမ်းချီ​နေသည်​မို့လက်​ကြိုက်​သွားမည်
ဟု​ပြောလည်းလက်​မခံ........

သူ့သား​လေးကိုအလုပ်​ကပြန်​လာမှ
ချီရသည်​မို့ အားရ​အောင်​ချီပါရ​စေ
ဆိုပြီးနှုတ်​ခမ်းကြီးဆူကာစိတ်​​ကောက်​ပြန်​သည်​.......

နောက်​ဆုံး​တော့ဆယ်​ဟွန်းလည်းဘာမှ
မ​ပြောဘဲလက်​​လျှော့လိုက်​ရ​တော့သည်​.......

ဆယ်​ဟွန်းထမင်းပွဲပြင်​​နေရင်းဧည့်​ခန်း
ဆိုဖာ​ပေါ်တွင်​ထိုင်​​နေရင်း သား​လေးကို
မြူ​နေ​သော ချန်းကိုကြည့်​​နေမိသည်​.........

ပါးချိုင့်​တို့ခွက်​၀င်​သည်​အထိပြုံးကာ
သား​လေးကိုတီတီတာတာ​ပြော​နေသည်​.....

သား​လေးကလည်းသ​ဘောကျ​နေသည်​​ကြောင့်
တခစ်​ခစ်​နဲ့ကိုရယ်​​နေ​တော့သည်​..........

" ချန်း.......ထမင်းစားလို့ရပြီ​လေ...... "

ချန်းအနားသို့သွားကာသား​လေးကို
လက်​​ပြောင်းချီပြီးထမင်းစားရန်
ခေါ်ရ​တော့သည်​.........

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now