ဆယ်ဟွန်းအကြိမ်ကြိမ်စဉ်းစားနေမိတယ်.......
သူတကယ်ကိုဘာလုပ်သင့်တယ်ဆိုတာ
မသိတော့ဘူး..........ကလေး.......ကလေး လေးတဲ့လား.....
သူ့မှာတကယ်ပဲ ဟိုလူနဲ့ရတဲ့ကလေးလေး
ရှိနေပြီတဲ့လား........
ဘာလို့လဲ......လွတ်မြောက်ပြီဆိုမှ
ဘာလို့နောက်ထပ်ချည်နှောင်ခံရပြန်တာလဲ.....မုန်းတယ်.......ထိုလူနဲ့ပတ်သက်သမျှ
အရာအားလုံးကို မုန်းတယ်........
နောင်တစ်ချိန်ချည်နှောင်လာနိုင်သည့်
ထိုကလေးကိုလည်းမုန်းသည်.......
သူအပြီးတိုင်လွတ်မြောက်ချင်လှပြီ.......လွတ်မြောက်နိုင်မည်ဆိုပါက
ဘာပဲလုပ်ရလုပ်ရ သူလုပ်နိုင်သည်......ထိုလူ့ကလေးကိုလွယ်ထားရသည်ဆိုသော
ခံစားချက်သည် သူ့အားဆိုးရွားသော
ခံစားချက်ကိုပေးစွမ်းသည်.......အပြီးတိုင်မလွတ်မြောက်နိုင်သော
ကိုယ့်ကိုယ်ကိုလည်းမုန်းသည်........စီးကျလာသောမျက်ရည်တို့အား
မသုတ်ပစ်ပဲ လွတ်လပ်စွာ
ကျဆင်းခွင့်ပေးလိုက်သည်........လူနာကုတင်ပေါ်မှ အပြင်ဘက်ကိုငေးကာ
မျက်ရည်ကျနေသော ညီငယ်ဖြစ်သူကို
ဂျွန်မြောင်ရင်နာနာဖြင့်ကြည့်နေမိသည်......ဘာလို့များလဲ........ဟွန်းလေးကျမှ
ဘာလို့ရက်စက်ရတာလဲ.......
သူသိပ်ကိုမှားခဲ့သည်......
ရှန်ဟိုင်းတွင်အခြေကျနေသောဟွန်းလေးကို
ဆိုးလ်ကိုပြန်ခေါ်ခဲ့ခြင်းသည် သူ့အတွက်
အကြီးမားဆုံးနောင်တဖြစ်ခဲ့သည်.......အမြဲပြုံးရယ်နေတတ်သော ဟွန်းလေးသည်
ယခုအချိန်တွင်
အမြဲငိုနေကာအသက်မဲ့နေသော
ခံစားချက်များနှင့်ရှင်သန်နေပြီဖြစ်သည်......ကလေး........ဘယ်လိုပင်လူယုတ်မာရဲ့ကလေး
ဖြစ်နေသော်လည်း သက်ရှိလေးမို့မရက်စက်နိုင်ပေ.....
၇ပတ် ဆိုသော အသက်ကလေးသည်
တဖြေးဖြေးနှင့်ကြီးထွားလာနေပြီဖြစ်သည်......
YOU ARE READING
If we meet again.... [ ChanHun OTP ] Completed
Fanfictionဘ၀မှာသင်မုန်းခဲ့သူတစ်ယောက်ကို နောက်တစ်ကြိမ်သာပြန်တွေ့ခဲ့မယ်ဆိုရင်.... သင်တကယ်ခွင့်လွှတ်နိုင်မှာတဲ့လား....... ဘ၀မှာသင်မုန်းခဲ့သူတစ်ယောက်ကို နောက်တစ်ကြိမ်သာပြန်တွေ့ခဲ့မယ်ဆိုရင်.... သင်တကယ်ခွင့်လွှတ်နိုင်မှာတဲ့လား...