နာကျင်မှုများ၏စတင်ရာ..........
ဆယ်ဟွန်း ရှန်ဟိုင်းကဒေါ်လေးတို့ဆီမှာပဲ
အထက်တန်းတက်ခဲ့ပြီး တက္ကသိုလ်ကိုတော့
ကိုကြီးရဲ့ဆူပူမှုကြောင့် ကိုရီးယားတွင်တက်ရန်
အပြီးပြန်လာခဲ့တော့သည်......ဟုတ်ပါတယ်လေ.....ရှိတာမှ ဒီညီအစ်ကို
နှစ်ယောက်တည်းကို ကိုကြီးလည်း
သူနဲ့အတူနေချင်မှာပေါ့လေ......
ပါးပါးနှင့်မားမား ဆုံးပြီးကတည်းက
ဒေါ်လေးတို့နှင့်သာအတူနေဖြစ်သည်....ထိုအချိန်က တက္ကသိုလ်ကျောင်းသားကိုကြီးအပေါ်
၀န်ပိုမည်ကို စိုးရိမ်၍ဖြစ်သည်.....အခုတော့ ကိုကြီးလည်းအလုပ်အကိုင်
အခြေတကျဖြစ်ကာ မကြာခင်တွင်
မင်္ဂလာဆောင်တော့မည်ဟုလည်း
ပြောသံကြားသည်......" ဟွန်းလေး...... "
" ကိုကြီး..... "
ကိုကြီးဆီသို့အပြေးသွားကာ
အလွမ်းသယ်ရတော့သည်......" နေနိုင်လိုက်တဲ့ကောင်စုတ်လေး......
ဒီအစ်ကိုမှအတင်းမခေါ်ရင်ပြန်လာမယ်ကို
မထင်ဘူး........ "" အဲ့လိုမဟုတ်ပါဘူး.....ဟွန်းအတွက်နဲ့
ကိုကြီး၀န်ပိုနေမှာစိုးလို့ပါ "" ပိုပြီ......အဲ့လိုဖြစ်စရာလား.....ဟွန်းက
ကိုကြီးရဲ့တစ်ဦးတည်းသောညီလေးပဲကို....
အော်.....ဒါနဲ့.....ဒါက ကျန်းရီရှင်းတဲ့....
ကိုကြီးနဲ့လက်ထပ်မယ့်သူ...... "ပါးချိုင့်လေးထင်းနေအောင်ရယ်ပြနေသော
အစ်ကိုကြီး.......အင်း.....မဆိုးပါဘူး.....
ဟွန်းရဲ့ကိုကြီးနဲ့ လိုက်ပါတယ်....." ဟုတ်ကဲ့......ကျွန်တော်က ဆယ်ဟွန်းပါ...
အစ်ကိုရှင်း နားတော့တော်တော်ပူနေမှာပဲ....
ကိုကြီးပွစိပွစိပြောလွန်းလို့လေ "" ဟားဟား......ဟုတ်တယ်....အမှန်ပဲ "
" ကောင်စုတ်လေး.....အစ်ကို ကို
ပြောစရာလား "" ချစ်လို့စတာပါ ကိုကြီးရဲ့..... "
လေဆိပ်အတွင်း ပြေးလွှားနေသော
ကောင်လေး၏အပြုံးတို့သည်
ဖြူစင်ကာလှပလွန်းသည်.........
YOU ARE READING
If we meet again.... [ ChanHun OTP ] Completed
Fanfictionဘ၀မှာသင်မုန်းခဲ့သူတစ်ယောက်ကို နောက်တစ်ကြိမ်သာပြန်တွေ့ခဲ့မယ်ဆိုရင်.... သင်တကယ်ခွင့်လွှတ်နိုင်မှာတဲ့လား....... ဘ၀မှာသင်မုန်းခဲ့သူတစ်ယောက်ကို နောက်တစ်ကြိမ်သာပြန်တွေ့ခဲ့မယ်ဆိုရင်.... သင်တကယ်ခွင့်လွှတ်နိုင်မှာတဲ့လား...