💔 8. 💔

2.7K 278 62
                                    

ရင်​ခွင်​ထဲမှ တုန်​ယင်​​နေ​သော
အ​ကောင်​​ပေါက်​​လေး​ကြောင့်
ချန်း​ယောလ်​အနည်းငယ်​ထိတ်​လန့်​သွားသည်​....

သူဝယ်​ထားသည်​များနှင့်
ကိုယ်​၀ယ်​ထားသည်​များကို
ပေါင်းရှင်းကာ ဖြူ​ဖျော့​နေ​သူ​လေးအား
ကားဆီသို့တ​ဖြေး​ဖြေးတွဲ​ခေါ်လာရသည်​.....

" မင်းအိမ်​ကဘယ်​နားမှာလဲ..... "

ရင်​ခွင်​ထဲမှအတင်းရုန်းထွက်​​နေသူ​လေး.....

" ရတယ်​......Taxi ပဲငှါး​ပေးပါ.....
ပြီး​တော့ bank အ​ကောင့်​​ပြောပြ​ပေးပါ....
ခုနကရှင်း​ပေးတာ​တွေချက်​ချင်းပြန်​လွှဲ​ပေးပါမယ်​....
ကူညီ​ပေးတာ​ကျေးဇူးတင်​ပါတယ်​..... "

" မင်းဒီပုံစံနဲ့ ဘယ်​လိုလုပ်​တစ်​​ယောက်​တည်း
ပြန်​မှာလဲ.....တက်​ပါ....ကိုယ်​လိုက်​ပို့​ပေးမယ်​ "

ပခုံးမှကိုင်​ကာ ကား​ပေါ်အတင်းတွန်းတင်​မိ​တော့
ရုန်းကန်​ကာ သူ့ကို​စောင့်​တွန်းလိုက်​သူ​လေး.....
ဘာလို့များ အ​ကြောက်​အကန်​ငြင်းဆန်​​နေသည်​ကို
သူမသိ​တော့......တကယ်​ဆို ရင်းနှီးသည်​ဟု
ခံစားရသည်​​ကြောင့်​ ကူညီ​နေခြင်းပင်​.....

" ​တောင်းပန်​ပါတယ်​!!!! လွှတ်​​ပေးပါ​တော့!!!
ဒီအတိုင်းအဆင်​​ပြေ​နေတဲ့ ဟွန်းရဲ့ ဘ၀ကို
နောက်​တစ်​ကြိမ်​​နှောင့်​ယှက်​ဖို့ မကြိုးစားပါနဲ့​တော့!!!
ကြောက်​လို့ပါ.....ခင်​ဗျားကို....ဟွန်း......
ကြောက်​လို့ပါ.....ဒီအတိုင်း.....ဒီအတိုင်းပဲ
လွှတ်​ထား​ပေးပါ.....​တောင်းပန်​ပါတယ်​.... "

မျက်​စိစုံမှိတ်​ပြီး ​အော်​ဟစ်​​နေသူ​လေး​ကြောင့်
အံ့သြခြင်းတို့အပြည့်​......
နားထဲကြား​ယောင်​​နေ​သော စကားများ.....
နောက်​တစ်​ကြိမ်​မ​နှောင့်​ယှက်​ဖို့.....
ကြောက်​လို့ လွှတ်​ထား​ပေးပါ.....
စကား​တွေကိုစပ်​ဆက်​စဉ်းစားမိ​တော့....
မဟုတ်​မှလွဲ​ရော.....

" မင်း.......ဒီ.....ဒီကိုယ်​၀န်​က.....
ကိုယ့်​က​လေးမလား......မင်းကို....ကိုယ်​....
အနိုင်​ကျင့်​ခဲ့ဖူးတာလား.....အဲ့ဒါ​ကြောင့်​.....
ကိုယ့်​ကိုမြင်​တိုင်း....မင်း​ကြောက်​​နေတာမလား...
ဟမ်​.....ဟုတ်​တယ်​မလား.....အာ့ "

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now