ရင်ခွင်ထဲ နစ်မြုပ်နေအောင် အဖက်ခံထားရတာကြောင့် မလူးသာမလွန့်သာနဲ့...... ။ ကျောပြင်ဆီကစပ်ဖျဉ်းဖျဉ်းနာကျင်မှုကလည်း ပျောက်မသွားသေးဘဲ တစ်ခါတစ်ခါ ဦးရဲ့လက်ကလာပြီးပွတ်သပ်လိုက်ရင် အရမ်းနာသွားသော်လည်း အသံမထွက်ရဲ.....
ဦး ဒေါသထွက်ရင်အရမ်းကြောက်ဖို့ကောင်းသည် ။ မျက်လုံးကြီးတွေနီလာပြီ ပေါက်ကွဲတော့သည် ။
ဟွန်း...အရမ်းကြောက်တယ် ဦးကနှိပ်စက်တယ် နာအောင်လည်းလုပ်တယ်.... ဟွန်းအိမ်ပြန်ချင်တယ်ပြောတာလည်းပြန်မပို့ပေးဘူး ။
ဦးကို မုန်းတယ်.....!
"ဟင်းး~ အရုပ်ကလေး အသည်းလေးနိုးနေတာလား?? "
ရင်ခွင်ထဲက မျက်ဝန်းလက်လက်လေးတွေနဲ့မော်ကြည့်နေတဲ့ ကလေးငယ်က သူ့စကားကြောင့်ပါးပြင်လေးနှစ်ဖက်ရဲသွားသည် ။ အသည်းယားလို့ မေးဖျားလေးကိုဆွဲမော့ကာ ပါးလေးကိုနှစ်ဝင်သွားမတက်မွှေးကြူလိုက်တော့....နူးညံ့အိစက်နေတာဘဲ ။
"အရုပ်ကလေး..... ဦးကိုချစ်လား?? "
"................."
ချန်းယောလ် စိတ်တိုသွားတာတော့ မဟုတ်ပေမယ့်.... စိတ်မကောင်းတော့ဖြစ်သွားရသည် ။အရုပ်ကလေးကိုသူအရမ်းချစ်တယ်....နက်နက်ရှိုင်းရှိုင်းကိုချစ်မိသွားတာ... အပြစ်ကင်းစင်လွန်းတဲ့ ဒီကလေးလေးကိုအရမ်းမြတ်နိုးရပါတယ်.....
နဖူးပေါ် ဝဲကျနေတဲ့ဆံပင်လေးကို လေနဲ့ဖြေးဖြေးလေးမှုတ်လိုက်တော့ ပြေပြစ်တဲ့နဖူးပြင်လေးကရှင်းလင်းစွာပေါ်လာသည် ။
နှုတ်ခမ်းနဲ့ဖိကပ်အကြင်နာပေးလိုက်တော့....မျက်ဝန်းလေးတွေကိုမှိတ်ပြီး.... ခံယူနေလေရယ့် ။"ဦး~~ ! "
တိုးတိုးလေးမှ တကယ့်တိုးတိုးရယ် ချန်းယောလ်ရဲ့ပီပြင်တဲ့အပြုံးကပေါ်လာတော့သည် ။
"နေမကောင်းလို့လား....အရုပ်ကလေးဘာဖြစ်လို့လဲ? "
"ဟင့်~ ခေါင်းကိုက်တယ် အီးးဟီးး...တူနဲ့ထုနေသလိုဘဲ! "
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာကာ....ကလေးတစ်ယောက်က အဖေကိုပြောနေသလိုလေး သူခံစားနေရတာကိုပြောပြနေသည် ။ ချန်းယောလ်.....ချက်ချင်းပူထူသွားကာ
YOU ARE READING
အတ္တစေညွှန်းရာ{ Completed }
Fanfictionအချိန်တွေကြာသွားလည်း ကိုယ်ကတော့မင်းကိုရူးသွပ်နေဆဲ ကလေး အချိန်တွေကြာသွားလည်း ကိုယ်ကတော့မင်းကိုရူးသွပ်နေဆဲ ကလေး (Z&U)🖤