"ပြွတ်စ်~ Morning ကလေးငယ် "
ချန်းယောလ် သူ့အရုပ်လေးနှုတ်ခမ်းလေးကို အနမ်းလေးပေးလိုက်ပြီး အိပ်ယာမှထလိုက်ကာ ကုတင်ဘေးအသင့်တင်ထားတဲ့တဘတ်ကိုဆွဲပတ်လိုက်သည် ။
မွေ့ယာကြားနစ်မြုပ်နေတဲ့ ခန္ဓာကိုယ်လေးက အဝတ်မဲ့နေတာကြောင့်သူပေးထားတဲ့အမှတ်အသားတွေကထင်ရှားစွာ ။ဒီကောင်လေးကို သူဘယ်နည်းမှအဆုံးရှုံးမခံနိုင် ။ အရမ်းချစ်လွန်းလို့ဖြစ်နိုင်ရင် သွားလေရာခေါ်သွားလိုက်ချင်သည် ။
အိပ်ပျော်နေတဲ့ ကလေးကိုပွေ့ချီလိုက်တဲ့အထိမနိုးဘဲ ရေချိုးခန်းထဲကဘေစင်ပေါ်တင်ပေးလိုက်တော့မှ အိပ်ချင်မူးတူးလေးနဲ့နိုးလာသည် ။"မျက်နှာသစ်ရအောင်...နေ့ခင်းကျမှပြန်အိပ် "
အမိန့်ဆန်ဆန်သူ့စကားကိုထိုကောင်လေးမလွန်ဆန်နိုင် ။ ခေါင်းလေးသာငြိမ့်ပြသည် ။
အိပ်ရေးမဝလို့ဆူချင်သလိုဖြစ်နေတဲ့နှုတ်ခမ်းလေးတွေ..... ။
ချန်းယောလ်ခပ်ဟဟ ရယ်လိုက်ကာ...ပါးပြင်နုနုလေးကို တရွှတ်ရွှတ်မြည်အောင်နမ်းလိုက်တော့သည် ။
ကလေးရဲ့ပင်ကိုယ်နို့နံ့လေးက သင်းသင်းလေးနဲ့ နူးညံ့အိစက်တဲ့အထိအတွေ့လေး ။"ပလုတ်ကျင်းလိုက်...! "
ရေကို ငုံပြီးပြန်ထွေးခိုင်းကာ ကလေးလေးရဲ့လက်ထဲသွားတိုက်တံလေးထည့်ပေးလိုက်ပြီး တိုက်ခိုင်းလိုက်သည်။ ပြီးမှ ချန်းယောလ်ကိုယ်တိုင်မျက်နှာသစ်ပေးကာ သေချာသုတ်ပေးပြီး ပွေ့ချီလာကာ ခုံပေါ်ထိုင်ခိုင်းထားလိုက်သည် ။
"ကိုယ် မျက်နှာသစ်လိုက်ဦးမယ် ပြီးမှမနက်စာစားကြမယ်! "
သူ့ကို ခေါင်းသာငြိမ့်ပြသည် ။
စိတ်ထဲဘဝင်သိပ်မကျသော်လည်း နောက်မှဖြည်းဖြည်းချင်းစကားပြောအောင်လုပ်ရတော့မှာဘဲ ။ချန်းယောလ်မျက်နှာသစ်အဝတ်စားလဲကာ ဟွန်းငယ်ကိုပါတစ်ခါတည်းအဝတ်အစားလဲပေးထားလိုက်သည် ။
သူ့အင်္ကျီတွေဝတ်ပေးထားတာကြောင့် အင်္ကျီရှည်ဘောင်းဘီရှည်ကြီး မြုပ်နေပြန်သည် ။အခန်းထဲကို breakfast လာပို့ခိုင်းကာ နွားနို့ကပူနေသေးတာကြောင့်ချန်းယောလ်မှုတ်ပေးရသေးသည် ။
အစားစားတော့လည်း ကိုယ်တိုင်ခွံ့ကျွေးရမှ ။
YOU ARE READING
အတ္တစေညွှန်းရာ{ Completed }
Fanfictionအချိန်တွေကြာသွားလည်း ကိုယ်ကတော့မင်းကိုရူးသွပ်နေဆဲ ကလေး အချိန်တွေကြာသွားလည်း ကိုယ်ကတော့မင်းကိုရူးသွပ်နေဆဲ ကလေး (Z&U)🖤