Part-27

5.7K 336 64
                                    

ဆယ်ဟွန်း မနက်လင်းလို့တော့ ခေါင်းတွေ နောက်ကျိနေသည် ...တစ်ညလုံးလည်း ကောင်းကောင်းအိပ်မပျော်။ ဖုန်းဖွင့်ကြည့်လိုက်တော့...ဦး ဆီက Miss Called များစွာ....။
ယွန်းဂျူလည်း ဘေးမှာမရှိတော့တာကြောင့် ဖုန်းယူပြီး ဝရံတာဘက်ထွက်လာလိုက်သည် ...

📱....ဦးး ~!

" ကလေး...နိုးပြီလား ညက ဘာလို့ဖုန်းမကိုင်တာလဲ? "

တဖက်က ဦးရဲ့အသံက မာနေတာကြောင့်...ဆယ်ဟွန်း ခပ်တိုးတိုးလေးရယ်လိုက်သည်....

" အစောကြီး အိပ်ပျော်သွားလို့ ...ဦး ဘာစားချင်လဲဟင် ဘာဝယ်ခဲ့ပေးရမလဲ? "

" ကလေးဘဲ လာခဲ့....အိုဆယ်ဟွန်းလေးကို ဘဲစားမယ်!! "

ဆယ်ဟွန်း ဖုန်းပြောရင်း ကြည်နူးစိတ်လေးကထိန်းမရ ...ဦးက ....ကလေးလေးတစ်ယောက်လို ဆက်ဆံနေတော့ လူကချွဲချင်လာရော ဒီအချိန်စိတ်ထဲမှာ မိသားစုဆိုတဲ့ ကန့်သတ်ချက်ကြီးတွေ မရှိတော့ဘူး....

ဦးနဲ့ ဖုန်းပြောပြီး ရေမိုးချိုး အဝတ်အစားလဲကာ ...ဆေးရုံကို မောင်းလာခဲ့တော့သည် ။
ဦး ဆေးရုံကဆင်းမှ ဘဲ သူသေချာတဲ့ဆုံးဖြတ်တစ်ခုကို ချနိုင်မှပါ ....
Company အလုပ်တွေကို Hyung တို့ ဆီလွှဲထားပြီး ဦးဆီမှာ တစ်နေကုန်နေရမယ်...

" ဦး...! "

အခန်းထဲဝင်လာတော့ ဦးက အိပ်ချင်ယောင်ဆောင်နေတဲ့ပုံ ...ခြေသံဖွဖွလေးနဲ့အနားတိုးသွားကာ နှာခေါင်းကို သွားချွန်လေးနဲ့ဆွဲကိုက်လိုက်တော့...

" အားး! နာတယ်ကွ....ခွေးပေါက်လေးရ"

ဆယ်ဟွန်း လျှာလေးထုတ်ပြောင်ပြကာ ကုတင်ပေါ်တက်ပြီး ဦး ရင်ခွင်တိုးဝင်လိုက်တော့ ခါးကို တင်းကြပ်စွာပြန်ဖက်ထားသည် ...

" ကိုယ်လေ ...မယုံနိုင်သေးဘူး!
ကလေးနဲ့ အခုလို နေခွင့်ရတာကို...! "

" ကျနော့်အမှားတွေပါ ဦးရယ်...ဦးကို မုန်းတီးနေခဲ့မိတယ် ! "

" ခင်ဗျားလေးက အရင်တုန်းကလည်း ခါးခါးသီးသီး...အခုလည်း! "

" ဟွန့် ဦးက ကြမ်းတာကို ကြောက်တာပေါ့! "

" အော်...တွေ့မယ်!! "

ဆယ်ဟွန်းကို ကုတင်ပေါ်လှဲချကာ အပေါ်ကနေအုပ်မိုးပြီး နှုတ်ခမ်းတွေကို စုပ်ယူလာသည် ...
လည်ပင်း ရင်ဘတ် ဗိုက်သား ချပ်ချပ်တွေကိုမကျန် အမှတ်အသားတွေပေးရင်း
ဆယ်ဟွန်း ကိုယ်လေး အဝတ်မဲ့စေတော့သည် ။

အတ္တစေညွှန်းရာ{ Completed }Where stories live. Discover now