"ဟွန်းးငယ်!!! ဘယ်လို ဖြစ်တာလဲ!!! "
" Hyung ...ကျနော့်ကြောင့် ... ! "
ဆက်မပြောနိုင်ဘဲ ငိုဘဲငိုနေတဲ့ ဟွန်းငယ်ကို ...မင်ဆော့ အသာနှစ်သိမ့်ထား ကာ ခွဲစိတ်ခန်းထဲက ပတ်ခ်ချန်းယောလ် အခြေအနေကိုသာစောင့်နေကြသည် ။
" ခွဲစိတ်တာ အောင်မြင်ပါတယ် ...စိုးရိမ်စရာတော့မရှိတော့ပါဘူး! "
ဆရာဝန်ပြောသွားတော့မှ ဆယ်ဟွန်း ခပ်လေးလေးသက်ပြင်းချကာ ကုတင်ပေါ်က ဦးရဲ့လက်လေးကိုအသာဆုပ်ကိုင်ထားမိတယ် ...
တောင်းပန်ပါတယ် မမှတ်မိခဲ့....ထပ်ပြီး နာကျင်စေခဲ့လို့ ဦးကို တောင်းပန်ပါတယ်..." Hyung , အားလုံးကို ပြန်မှတ်မိပြီ ! "
" ဟွန်းငယ်~ "
မင်ဆော့ ထင်ထားတာက .......ဟွန်းငယ် သူ့အတိတ်ကို ပြန်မှတ်မိသွားခဲ့ရင် ပတ်ခ်ချန်းယောလ်ကို နာကျည်းမုန်းနေမှာဘဲ....
သူ့အပေါ်နှိပ်စက်ခဲ့တဲ့ သူမလား အခုတော့ဟွန်းငယ်က...." Hyung သိလား....့် ဦးနှောက် က ဦးကို မမှတ်မိပေမယ့်.....နှလုံးသားက မှတ်မိနေတယ်! ....ကျနော့်မှာ အိမ်ထောင်ရှိတယ် ကိုယ်ပိုင်မိသားစုရှိတယ်ဆိုတဲ့ အသိကြောင့် ငြင်းဆန်နေရတာ အရမ်းပင်ပန်းခဲ့တယ်~ "
ဆယ်ဟွန်း....ဦး လက်လေးတွေကို ပိုတင်းကြပ်အောင်ဆုပ်ကိုင်ထားလိုက်ကာ....
" ကျနော့်ကို အတ္တကြီးကြီး ချစ်ခဲ့တာကလွဲရင်...ဦး က အပြစ်မရှိဘူး ကျနော် က သာ ကိုယ်လွတ်ရုန်းခဲ့တာ! "
သူကသာ အတိတ်တွေထဲက ရုန်းထွက်ပြီး မိသားစုဘဝလေးနဲ့ ပျော်ရွှင်နေခဲ့ပေမယ့် ....ဦးက သူ့အတွက် တစ်ဘဝလုံးပေးဆပ်နေခဲ့တာ
အပြစ်တွေ အကုန်လုံး သူတစ်ယောက်တည်းခံယူပြီး ကျနော့်ကိုမထိခိုက်အောင်ကာကွယ်ပေးထားခဲ့တာ ။" Hyung အပြစ်တွေလည်း ပါတယ် ....ဟွန်းငယ်ကို အစထဲက အမှန်တိုင်းပြောပြခဲ့သင့်တာပါ ! "
ဆယ်ဟွန်းး Hyung ရင်ခွင်ထဲ ဝင်ကာ ရှိုက်ငိုမိတော့တယ် ။ သူဘယ်လိုလုပ်ရမလဲ ။ ယွန်းဂျူ အပေါ်ကိုလည်း သစ္စာမဖောက်ချင်ဘူး။
သမီးလေးကရော သူ့မိဘတွေက ယောက်ျားလေးနှစ်ယောက်ဆိုတာ သိရင် လက်ခံနိုင်ပါ့မလား?
YOU ARE READING
အတ္တစေညွှန်းရာ{ Completed }
Fanfictionအချိန်တွေကြာသွားလည်း ကိုယ်ကတော့မင်းကိုရူးသွပ်နေဆဲ ကလေး အချိန်တွေကြာသွားလည်း ကိုယ်ကတော့မင်းကိုရူးသွပ်နေဆဲ ကလေး (Z&U)🖤