မျက်နှာပေါ်က မှန်ကွဲစလေးကို ဖယ်ရှားပေးရင်း.... အရက်ပြန်ကိုဂွမ်းနဲ့စွတ်ပြီး ဖွဖွလေးသုတ်ပေးတော့ မျက်ဝန်းထောင့်ကစီးကျလာတဲ့မျက်ရည်စလေးတွေ....... ။
"ဘာလို့ ဟွန်းကိုအဲ့လိုတွေလုပ်ရတာလဲ?? ဦးကို ဘာလုပ်မိလို့လဲ.....ဟင့်~! "
"ချစ်...လို့..... ဦးက အရုပ်လေးကို သိပ်...ချစ်..တာ..."
မော့ကြည့်လာတဲ့ မျက်ဝန်းတွေထဲမှာမုန်းတီးမှုတွေပြည့်နှက်နေခဲ့တယ် ။
"မုန်းတယ်!! ဦးကို အရမ်းမုန်းတယ်....!! သေလောက်အောင်မုန်းတယ်!! "
"ဘာလို့လဲ....ဘာလို့လဲ!!! ငါ မင်းကိုချစ်သလိုဘာလို့ပြန်မချစ်နိုင်ရတာလဲ!!! "
ချန်းယောလ်ရဲ့ ဒေါသကို မထွက်ထွက်အောင်လုပ်နေသလားဘဲ ။
မျက်နှာလေးတစ်ခုလုံးနီရဲအောင် ငိုထားတော့ ပြောမထွက်ပြန် ။
စိတ်ကိုအတက်နိုင်ဆုံးလျော့ချကာ..... အဝတ်မဲ့နေတဲ့ကိုယ်လုံးကိုအလိုမတူဘဲ ထွေးပွေ့ထားမိပြန်သည် ။မင်းမသိဘူး ကလေးရယ်....ချစ်လွန်းလို့ရူးသွားနိုင်တယ် ။ ကိုယ့်အချစ်တွေက မင်းအပေါ်အတ္တကြီးသလိုဖြစ်နေနိုင်တယ် ဒါပေမယ့်....ကိုယ်မှမင်းကိုအဆုံးရှုံးမခံနိုင်တာ
"ချစ်တယ်.....မင်းကဦးရဲ့အပိုင်ဘဲဖြစ်နေစေရမယ် အရမ်းချစ်တာဘဲ ကလေးရယ်~! "
နှုတ်ခမ်းလေးတွေကို နမ်းမိတော့တုံ့ပြန်ခြင်းကင်းမဲ့လျက် ။
နှုတ်ခမ်းကနေတဆင့် လည်ပင်းလေးတွေ ရင်ဘတ်လေးတွေ....ခြေထောက်လေးတွေပါမကျန်တစ်ကိုယ်လုံးကိုအနမ်းတွေခြွေမိတယ်....
သိပ်မြတ်နိုးရတဲ့အရုပ်ကလေးကသူ့အပိုင်ဆိုင်တာ စိတ်ထဲစွဲနေအောင်ကိုလုပ်ထားရမယ်.....အပြင်ဘက်က တဖွဲဖွဲရွာသွန်းနေတဲ့မိုးရေစက်တွေ ပြတင်းပေါက်လေးကနေတစ်ဆင့်ငေးနေတဲ့ အရုပ်လေး.....
"အပြင်ထွက်ချင်လို့လား....ကလေးငယ်! "
"ဟင့်အင်း~! "
ဟိုတစ်ခါခြံထဲဆင်းတာတောင် ဆယ်ဟွန်းခြေထောက်ခေါက်ပြီးချော်လဲသွားတော့ ထိန်းဖမ်းထားတဲ့သူပေါ်ထပ်ရက်ကြီးကျသွားတာကို အထင်လွဲပြီးသတ်ပစ်သေးတယ်မလား? အခုလည်းအပြင်ထွက်ချင်လို့ပြောရင်ဘာလုပ်ဦးမလဲမသိဘူး.......
YOU ARE READING
အတ္တစေညွှန်းရာ{ Completed }
Fanfictionအချိန်တွေကြာသွားလည်း ကိုယ်ကတော့မင်းကိုရူးသွပ်နေဆဲ ကလေး အချိန်တွေကြာသွားလည်း ကိုယ်ကတော့မင်းကိုရူးသွပ်နေဆဲ ကလေး (Z&U)🖤