Part- 28

6K 368 22
                                    

" မောင်!!! ဟင့်~~ သမီးလေးက~~ "

" ဘယ်လိုဖြစ်ရတာလဲကွာ!!"

" မနက်က သမီးလေးက ခြံထဲဆင်းဆော့နေတုန်း ယွန်းဂျူအိမ်ထဲ ခဏဝင်သွားတာ ပြန်ထွက်လာတော့ သမီးကိုမတွေ့ရတော့ဘူး ဟင့်~ "

သမီး ပျောက်သွားတယ် ကြားကြားချင်း ဆယ်ဟွန်းအလုပ်ကနေပြေးလာခဲ့ရတာ ...အိမ်ရောက်တော့ ငိုနေတဲ့ ယွန်းဂျူ...သူလည်း သမီးအတွက်ဘယ်လောက်စိတ်ပူနေရှာမလဲ ...

" မောင် သမီးလေးကို တွေ့အောင်ရှာပေးပါနော် ဟင့်~ "

" စိတ်အေးအေးထားပါ ကိုယ်လည်း ဝိုင်းရှာပေးပါ့မယ် "

ချန်းယောလ် ဝင်ပြောလိုက်တော့ သူမကို ရင်ခွင်ထဲပွေ့ဖက်ထားတဲ့ ကလေး..က အားနာသလိုလေးကြည့်လာသည် ။
ဘာမှမဖြစ်ဘူးဆိုတဲ့ သဘောနဲ့ ...ချန်းယောလ် ပြုံးပြလိုက်တယ်..
ဂျုံအင့် လူတွေက ထိုကောင်မလေးကိုဖမ်းခေါ်သွားတာ ကိုယ်က သိနေတော့ ...

" ရဲစခန်းကို အကြောင်းကြားရင်ရော မောင်? "

" လောလောဆယ်တော့ လူခွဲပြီးဘဲ ရှာကြရအောင် နောက်မှ တစ်မျိုး ထပ်စဉ်းစားကြတာပေါ့..! "

ယွန်းဂျူ သမီးလေးကို ဝမ်းနဲ့လွယ်မမွေးခဲ့ရပေမယ့်...လသားအရွယ်ထဲက ကိုယ့်သမီးလေးတစ်ယောက်လို ကျွေးမွေးစောက်ရှောက်ခဲ့တာကြောင့် သမီးအရင်းလိုချစ်ရတယ်...
သူမပေါ့ဆမှုကြောင့် သမီးလေးသာ တစ်ခုခုဖြစ်သွားရင်...မောင့်ကို ဘယ်လိုမျက်နှာပြရမလဲ?

" ဒါဆို ကိုယ်တို့ အပြင်မှာ လိုက်ရှာကြရအောင် ဆယ်ဟွန်း! "

" ယွန်းဂျူ အိမ်ကစောင့်နေနော် မောင် သမီးလေးကို မတွေ့ တွေ့အောင်ပြန်ရှာခဲ့မယ် "

ရှေ့က မြင်ကွင်းကို မကြည့်ချင်တာကြောင့် မျက်နှာလွှဲထားပေမယ့် ရင်ထဲ နာကျင်လိုက်တာ...ကိုယ် မဟုတ်တဲ့ တခြားတစ်ယောက်ကို မင်းဂရုစိုက်လေ...ကိုယ် အဲ့လူကိုမုန်းတီးမိတယ်။

.....

" အရမ်းလည်း စိုးရိမ်မနေပါနဲ့ သမီးလေးကို ပြန်တွေ့မှာပါကွာ"

" ဟင့်~ ဦးး"

ကလေး ကိုယ်လုံးလေးကို ပွေ့ဖက်ထားကာ နှစ်သိမ့်ထားသော်လည်း...စိတ်ထဲမှာတော့ ပျော်နေတယ်...

အတ္တစေညွှန်းရာ{ Completed }Where stories live. Discover now