" ယွန်းဂျူ...ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး Appa ! "
" သမီး နားလိုက်ဦးနော်! "
လှေကားပေါ်ကချော်ကျတာကြောင့်
...ကိုယ်ဝန်ပျက်ကျသွားခဲ့သည် ..။
မိခင်အသက်ကိုကယ်လိုက်နိုင်ပေမယ့် ကလေးကိုတော့လက်လွှတ်လိုက်ရတယ်..." အန်ကယ်...ယွန်းဂျူ အခြေအနေ! "
" သူ အရမ်းစိတ်ထိခိုက်နေတယ် ...မောင်ရင်တို့ ပြန်လိုက်ပါတော့!!! "
ဆေးရုံမှာတည်းက ယွန်းဂျူက ဆယ်ဟွန်းကို လုံးဝအတွေ့မခံ...။
အိမ်ကိုလာတွေ့တော့လည်း ငြင်းလွှတ်သည် ။
ဆယ်ဟွန်းလည်း ...ခံစားရတာပေါ့ ဆုံးရှုံးသွားတာ သူ့သွေးသားလေ...မျက်နှာမကောင်းစွာ အိမ်ထဲက ထွက်လာတဲ့ ကလေးကို...ချန်းယောလ် ကားပေါ်ကပြေးဆင်းကာ ထွေးပွေ့လိုက်တော့ ပျော့ခွေကျလာသည်...
" ကျနော်ကို မမြင်ချင်လောက်အောင် မုန်းသွားပြီ ထင်တယ် ! "
" သူလည်း စိတ်ထိခိုက်နေလို့နေမှာပါ ကလေးရယ်~ "
" အင့်~~ "
"ငိုချလိုက် ကလေး!!! "
တသိမ့်သိမ့်ရှိုက်ငိုနေတဲ့ ကိုယ်လုံးလေးကို ခပ်တင်းတင်းလေးထွေးပွေ့ထားသည် ။
သားသမီးကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်က...ဘယ်လောက်ထိ ဆိုးရွားသလဲဆိုတာ ချန်းယောလ်ကိုယ်တိုင်ခံစားဖူးတယ်လေ...အိမ်အပြန်လမ်းမှာတော့ ကားလေးထဲတိတ်ဆိတ်စွာ!
အခုဆို....ကလေးတို့သားအဖနှစ်ယောက်နဲ့အတူ ချန်းယောလ်လည်း တစ်ခါတည်းလာနေလိုက်တော့တယ်...
အိမ်ရောက်တော့ မောပန်းစွာ အိပ်ပျော်နေတဲ့ ကလေးကို ပွေ့ချီပြီး အပေါ်ထပ်ကိုတက်လာခဲ့တော့သည် ။
သမီးလေးက ဒီနေ့ မင်ဆော့တို့ဆီသွားလည်နေတာကြောင့် အိမ်မှာ သူတို့နှစ်ယောက်ထဲ။အိပ်ယာပေါ်ချပေးကာ ချန်းယောလ် ဘေးကဝင်လှဲလိုက်တော့...မျက်လုံးမဖွင့်သေးဘဲ ရင်ခွင်ထဲ တိုးဝင်လာတဲ့ ကလေးကို ဖက်ထားလိုက်ရင်း သူလည်းအိပ်စက်ခြင်းစီသို့~~
.....
...........
" ကလေး...မင်ဆော့တို့နဲ့ ဘယ်ချိန်ချိန်းထားတာလဲ?? "
YOU ARE READING
အတ္တစေညွှန်းရာ{ Completed }
Fanfictionအချိန်တွေကြာသွားလည်း ကိုယ်ကတော့မင်းကိုရူးသွပ်နေဆဲ ကလေး အချိန်တွေကြာသွားလည်း ကိုယ်ကတော့မင်းကိုရူးသွပ်နေဆဲ ကလေး (Z&U)🖤