မင်းမမှားခဲ့ဘူး ကလေး....ငါ့အချစ်တွေကို မင်းကမမြင်ခဲ့တာ တန်ဖိုးမထားခဲ့တာ~
ဆယ်ဟွန်း....အလုပ်သွားခါနီး သမီးကို မူကြိုဝင်ပို့ပေးရသေးသည် ။
ဒီနေ့ကျမှ ယွန်းဂျူလည်းဝယ်စရာရှိတယ်ပြောတာကြောင့် ကုန်တိုက်ကိုမောင်းလာခဲ့ရတော့သည်...." မောင်.....ညနေကျ သမီးကိုမောင်ဘဲသွားကြိုလိုက်နော် မေမေတို့အိမ်ဝင်ဦးမှာမို့ယွန်းဂျူနောက်ကျလောက်တယ်~ "
"အင်း....ရတယ် မောင်သွားကြိုလိုက်မယ်! "
ဆယ်ဟွန်း သူမဘက်ကို လှည့်ပြီးပြုံးပြလိုက်တော့ ....နွေးထွေးစွာပြန်ပြုံးပြလာသည် ။
ကုန်တိုက်ဝင်ပို့ပေးပြီး Company တန်းလာကာအစည်းအဝေးစဖို့ပြင်ရတော့သည်"C.E.O လူတစ်ယောက်ကတွေ့ခွင့်တောင်းနေလို့ပါ "
အစည်းအဝေးခန်းထဲက ပြန်ထွက်လာတော့ အတွင်းရေးမှူးမလေးကပြောလာတာကြောင့် Hyung တို့ကိုအရင်သွားခိုင်းလိုက်ကာ....
"ဘယ်သူလဲ??? ဘာလို့တွေ့ချင်တာလဲ? "
"C.E.O နဲ့အသိလို့ဘဲပြောပါတယ် ပုံစံကနည်းနည်း....! "
အတွင်းရေးမှူးက နှာခေါင်းရှုံသလိုလိုဖြစ်သွားတော့ ဆယ်ဟွန်းသဘောပေါက်ကာ တွေ့ခွင့်ပေးလိုက်သည် ။ ဥာဏ်ရည်မဖွံ့ဖြိုးတဲ့ကလေးတွေထောက်ပံ့ပေးတဲ့ ကျောင်းတွေ.... ကိုဆယ်ဟွန်းကလစဉ်ထောက်ပံ့ကြေးပေးနေတာကြောင့်တစ်ခါတစ်လေ အကူအညီတောင်းချင်တဲ့သူတွေလည်းလာတက်သည် သူတို့အိမ်မှာအဲ့လိုကလေးတစ်ယောက်ယောက်ရှိရင်ဖြစ်ဖြစ် လာကြသည်....
ချန်းယောလ်ဆီ.... အတွင်းရေးမှူးမလေးကC.E.O အခန်းထဲဝင်သွားဖို့ပြောတာကြောင့် စိတ်ကိုပြင်ဆင်ကာ တံခါးကိုဖြည်းဖြည်းချင်းဆွဲဖွင့်လိုက်သည် ။
သူ့ဘက်ကိုနောက်ကျောပေးထားပြီး မတ်တပ်ရပ်နေပုံက တကယ့်လူကြီးတစ်ယောက်အဖြစ်ပြောင်းလဲသွားပြီဘဲ~ လွန်ခဲ့သောနှစ်တွေမှာ ကျနော်ကသာသူ့တစ်ယောက်တည်းကိုချစ်ပြီးရှင်သန်လာခဲ့ပေမယ့်သူကတော့....
"အော်....ကျနော့်ကို တွေ့ခွင့်တောင်းတယ်ဆိုတာခင်ဗျားလား?? "
YOU ARE READING
အတ္တစေညွှန်းရာ{ Completed }
Fanfictionအချိန်တွေကြာသွားလည်း ကိုယ်ကတော့မင်းကိုရူးသွပ်နေဆဲ ကလေး အချိန်တွေကြာသွားလည်း ကိုယ်ကတော့မင်းကိုရူးသွပ်နေဆဲ ကလေး (Z&U)🖤