"ဦး နားရွက်ကြီးကအကြီးကြီးဘဲ! "
ချန်းယောလ် ရင်ဘတ်ပေါ်မှေးထောက်ကာ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီလိုက်ပြီးထိတွေ့လိုက် သဘောတကျနဲ့ပွစိပွစိလေးပြောလိုက် နိုးနေပေမယ့်အသာငြိမ်နေပေးကာဘာဆက်လုပ်မလဲကြည့်နေလိုက်တယ်.....
"ဟွန်း အခုအိမ်မပြန်ချင်တော့ဘူး ဦးကအရုပ်တွေလည်းအများကြီးဝယ်ပေးတယ်..... ပြီးတော့ ဦးက အရမ်းလည်းချောတယ်ကြောက်ဖို့ကောင်းတော့ဘူး! "
"အဟားးး....တက်လိုက်တာကွာ ငလည်လေး! "
ချန်းယောလ် ရယ်လိုက်တော့ကလေးလေးလန့်သွားတဲ့ပုံ..... ပြီးမှရင်ဘတ်ပေါ်ခေါင်းလေးမှီလာသည်။ ဒီကောင်လေးအရမ်းလည်းချွဲတက်တာဘဲကွာ~
နှစ်ယောက်လုံးကိုယ်မှာဘာအဝတ်အစားမှမဝတ်ထားတော့ ထိတွေ့မိလိုက်တဲနေရာတိုင်းကနူးညံ့မှုအတိပြီးလေတော့သည် ။
"ကိုယ့်ကို ချစ်လား အရုပ်လေး?? "
မျက်နှာလေးကို ဆွဲမော့စေကာ အကြည့်ချင်းဆုံစေတော့!
အနည်းငယ်လှုပ်ခတ်သွားတဲ့ မျက်ဝန်းညိုညိုလေးတွေ!
"ကိုယ်စောင့်နေပါ့မယ် ကလေးဆီက ချစ်တယ် လို့အဖြေပြန်ရဖို့..... ကိုယ်ကတော့ မင်းကိုသိပ်ချစ်တယ် ကလေးရယ်~ "
နှုတ်ခမ်းလေးကို ဖိကပ်လိုက်ကာ အောက်နှုတ်ခမ်းလေးကိုတချက်ဆွဲကိုက်ရင်းဝင်ခွင့်တောင်းလိုက်ကာ လျှာချင်းရစ်ပတ်ကာအနမ်းတွေကိုသိပ်သည်းပြင်းထန်စေလိုက်သည် ။
နှုတ်ခမ်းပါးပါးလေးက နမ်းလို့ကိုအားမရနိုင်ဘူး!
ချိုမြိန်စွာ ရစ်မူးစွာ စွဲလန်းစေတက်သော အနမ်းတွေ!
"အွန်းးး...အသက်ရှူကြပ်လာပြီ ဟင့်~ "
ဆယ်ဟွန်း အတင်းရုန်းကာထုရိုက်တော့မှဘဲ မကျေမနပ်နဲ့လွှတ်ပေးလိုက်တော့သည် ။
"ဦး နေ့လည်ကျ ဟွန်း ပျင်းရင် Vivi လေးနဲ့ဆော့လို့ရတယ်မလားဟင်? "
ချန်းယောလ် အင်တင်တင်နဲ့ခေါင်းငြိမ့်ပြလိုက်တော့ မျက်နှာလေးဝင်းသွားကာ သွားစွယ်လေးတွေပေါ်တဲ့အထိရယ်ပြလာသည်။
Strawberry နံ့လေးသင်းနေတဲ့ ဆံပင်လေးတွေကိုတမြတ်တနိုးနမ်းရှိုက်လိုက်ကာ အရုပ်လေးတစ်ကိုယ်လုံးကိုရင်ခွင်ထဲနစ်မြှုပ်နေအောင်ဖက်ထားလိုက်တော့သည် ။
YOU ARE READING
အတ္တစေညွှန်းရာ{ Completed }
Fanfictionအချိန်တွေကြာသွားလည်း ကိုယ်ကတော့မင်းကိုရူးသွပ်နေဆဲ ကလေး အချိန်တွေကြာသွားလည်း ကိုယ်ကတော့မင်းကိုရူးသွပ်နေဆဲ ကလေး (Z&U)🖤