"ပတ်ခ်....ပတ်ခ်ချန်းယောလ်? "
"ဘာလို့အဲ့လောက်လန့်သွားရတာလဲ...မင်ဆော့ ငါ့ကိုသရဲထင်နေလို့လား ဟက်? "
တံခါးဝမှာ ရပ်ပြီးကြောက်လန့်နေတဲ့ပုံစံကြောင့် မင်ဆော့ပခုံးကိုတွန်းဖယ်ကာ တိုက်ခန်းထဲဝင်လာတော့.... နောက်ကနေအတင်းလိုက်လာသည်
"ဒါ ဘာလုပ်တာလဲ....ပတ်ခ်ချန်းယောလ် အခုချက်ချင်းထွက်သွားပေးပါ "
"ကိုယ် သိချင်တာသိရပြီးရင်...သွားမှာပါ"
ချန်းယောလ် ဆိုဖာပေါ်ဝင်ထိုင်ကာ ခြေချိတ်ထိုင်ရင်း မင်ဆော့ကိုသူရှေ့ထိုင်ရန်မေးငေါ့ပြလိုက်သည် အဟက်....ကိုယ့်ကိုမမျှော်လင့်ဘဲရုတ်တရက်ကြီးပြန်တွေ့လိုက်ရတော့ အရမ်းအံ့သြပြီးလန့်သွားတာနေမှာပေါ့
" ဆယ်ဟွန်း.... သူနဲ့ပက်သက်ပြီး အကုန်သိချင်တယ် ပြီးတော့ သူ့မိန်းမအကြောင်းရော"
"ဟွန်း...ဟွန်းငယ်နဲ့ တွေ့ပြီးသွားပြီလား? "
မဖြစ်ရဘူး.... သူ့ရဲ့သနားစရာကောင်းတဲ့ ညီလေးကိုဒီလူယုတ်မာရဲ့လက်ထဲမှာပြန်မရှင်သန်ခိုင်းစေချင်ဘူး....
အမူအယာပျက်နေတဲ့ မင်ဆော့ကြောင့် ချန်းယောလ်သေချာအကဲခတ်ကြည့်နေမိတယ်...." ကျနော့်မှာ ဘာပြောစရာမှမရှိဘူး.... ထွက်သွားပေးပါ မဟုတ်ရင် ရဲခေါ်ရလိမ့်မယ်"
"ငါ...ဘယ်လိုလူလဲ မင်းကတော့မမေ့ဘူးမလား? ငါ ...ဆယ်ဟွန်းကလွဲပြီး ဘယ်သူ့မှသက်ညှာပေးမှာ မဟုတ်ဘူးး!!! "
မင်ဆော့ တုန်လှုပ်သွားကာ ဆိုဖာပေါ်ထိုင်ရက်ကျသွားတော့သည် သူလျော့တွက်ထားခဲ့တာ ပတ်ခ်ချန်းယောလ်ဆိုတာ .....သူလိုချင်တာကိုမရမရအောင် ယူမယ့်သူမျိုး....
"ဟွန်းငယ်.... ခင်ဗျားကြောင့် သူအရမ်းပင်ပန်းခဲ့ရတာ ဒီလောက်နဲ့ လက်လွှတ်ပေးလိုက်ပါတော့!! "
" အဟက်....ငါကရော!!! သူ့အတွက် ဘယ်လောက်တောင် ပေးဆပ်ပြီး ချစ်ခဲ့ရသလဲ?? ဒါတောင်မှ....သူက ငါ့ကို မုန်းနေတုန်းး"
ချန်းးယောလ် ပေါက်ကွဲ သံကြောင့် ....အပြင်က ပြန်လာတဲ့ ဂျုံဒယ် ....အထုပ်တွေလွှတ်ချကာ မင်ဆော့ဘေးနားပြေးသွားလိုက်တယ်
ကြောက်လို့ တုန်ယင်နေတဲ့ မင်ဆော့ကိုယ်လေးကို အသာထွေးပွေ့လိုက်ကာ....
![](https://img.wattpad.com/cover/167731173-288-k584871.jpg)
YOU ARE READING
အတ္တစေညွှန်းရာ{ Completed }
Fanfictionအချိန်တွေကြာသွားလည်း ကိုယ်ကတော့မင်းကိုရူးသွပ်နေဆဲ ကလေး အချိန်တွေကြာသွားလည်း ကိုယ်ကတော့မင်းကိုရူးသွပ်နေဆဲ ကလေး (Z&U)🖤