" ဝါဝါထိန်ထိန်
Jong In လေးတို့အိမ်…
.
.
.
ဝါးတစ်လုံးတည်းနဲ့ ဆောက်တဲ့အိမ်
Oh Sehun တို့အိမ်… ".
." မင်းကြီးတော်ကြီး ဝါးတစ်လုံးတည်းနဲ့ ဆောက်တဲ့အိမ်က ငါ့အိမ်ဖြစ်စရာလား… "
ထမင်းကို အဝအပြဲ နှစ်ယောက်ပေါင်း သုံးပွဲစားပြီး ကျောင်းသို့ ပြန်ရာလမ်းတွင် ပေါက်ကရတွေဆိုနေသည့် Kim Jong In ပါပေ။
Kim Kai ဆိုသူက သူ့ရဲ့အော်သံ ငေါက်သံလေးမှ တစ်နေ့မကြားရရင် မနေနိုင်တာမို့ Sehun လေးလည်း အော်ပေးလိုက်သည်။
သို့သော် အအော်ခံရတာလောက်ကတော့ Kim Kai အတွက် ရိုးဟိုးဟိုးနေချေပြီ။ အရေးမလုပ်ဘဲ သီချင်းဆက်ဆိုနေသည်။
" လိမ်တာ… ညာတာ…
Jong In မကြိုက်ပါ…
Oh Sehun ကြီးကို သေနတ်နဲ့ပစ်…
ဒိုင်း… ဒိုင်း… ဒိုင်း ……… "" မင့်အမေ!! ငါဆဲမိတော့မယ်နော်… Kim Jong In… ခဏလောက် ငြိမ်ငြိမ်လေးနေပေးလို့ မရဘူးလား "
မျက်မှောင်ကြုံ့ကာ ပြောလိုက်ရင်း လမ်းကို ခပ်မြန်မြန်လျှောက်လိုက်သည်။ ထိုအခါ Jong In က Sehun ကို မှီအောင်မြန်မြန်လျှောက်မလာဘဲ အိပဲ့အိပဲ့လျှောက်နေရင်း အားပြန်နေသော အသံဖြင့်…
" Sehunna… ကျောင်းတက်ရတာ ပျင်းဖို့ကောင်းလိုက်တာကွာ "
" အေးလေ… ငါတို့ကတော့ ဒီကျောင်းက ပွဲတွေအများကြီး လုပ်ပေးတယ်ဆိုလို့ အရမ်းမျှော်လင့်ထားခဲ့တာ… ခုကျတော့ လုပ်ပေးတဲ့ပွဲက စာမေးပွဲတဲ့လားကွာ😢 "
ဒီတစ်ခါတော့ အတွေးချင်းတိုက်ဆိုင်၍ Sehun လည်း ထောက်ခံလိုက်သည်။
ကြက်ကြီးလည်လိမ်ထားသလို မျက်နှာမျိုးဖြင့် နှစ်ယောက်သား အိပဲ့အိပဲ့နှင့် လမ်းလျှောက်လာခဲ့သည်။
ဟုတ်တယ်… ဆိုင်ကယ်မှ မရှိတော့တာ… လမ်းပဲလျှောက်ရတော့မှာပေါ့…။ Jong Dae ကတော့ သူ့ရဲ့စီနီယာက နေ့လည်စာစားဖို့ လာခေါ်သွား၍ ပါသွားသည်။
Chanyeol ကတော့ ဆိုင်ကယ်ပါပေမယ့် ဆိုင်ကယ်စီးရင် ငြိမ်ငြိမ်မနေတတ်တဲ့ Baekhyun တစ်ယောက်တည်းနဲ့တောင် အနိုင်နိုင်ဖြစ်နေတာကြောင့် ဒုက္ခမပေးချင်တော့…။
YOU ARE READING
Love Program [COMPLETED]
FanfictionA love story between two IT students... Hope you enjoy this..... ^^