" Yah... Kim Kai ဘာသွားလုပ်မှာလဲကွာ... ဟိုက မလာပါနဲ့ပြောထားတာ... မိသွားရင် အကုန်ပြသနာတက်ကုန်လိမ့်မယ်နော်... "
Chanyeol ခေါင်းကုတ်ရင်း သွားမယ်တကဲကဲလုပ်နေတဲ့ သူငယ်ချင်းဖြစ်သူကို ပြောလိုက်သည်။ Sehun အိမ်ဘက်က ထပ်မလာပါနဲ့ပြောထားတာကို အကြောင်းအရင်းမရှိပဲ ခိုးတွေ့ချင်နေသည်။
တစ်ယောက်တည်းသွားမယ်ဆိုရင် Chanyeol သူ့စားရိတ်နဲ့သူ လွှတ်ထားလိုက်သည်။ အခုက သူ့ကိုပါ အပါခေါ်နေတာမို့ အတင်းငြင်းနေရသည်။
" မမိပါဘူးကွာ... ငါ့ကို ယုံလိုက်စမ်းပါ... "
အောက်ငုံ့ကာ ဖိနပ်ကြိုးချည်နေသည့် Kai က ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ တက်ကြွစွာ ပြန်ပြောတော့ Chanyeol လည်း ဘာလိုတားရမှန်း မသိတော့။
ပြသနာကို မီးထွန်းရှာသော Kim Kai ပါပေ။
" ဘာကြောင့် ညသန်းခေါင်ကြီး Oh Sehun ကို သွားတွေ့မှာလဲ... မနေ့ကပဲ မင်းတို့တွေ့ထားတာလေကွာ... လာပါကွာ... အိပ်လိုက်ပါတော့... "
Chanyeol အမျိုးမျိုးဖြောင်းဖြသော်လည်း မရ။
" မင်း အဲ့လို လူကြီးတွေမသိအောင် ခိုးဒိတ်ဖူးလား... အာ ဆောရီး... မင်းက silent မပြောနဲ့ ပေါ်တင်တောင် တစ်ခါမှ မဒိတ်ဖူးတာ ငါမေ့သွားတယ်... "
" ရားးး... ဝက်ဝံစုတ် "
Chanyeol ရဲ့ အသံသြသြနှင့်အတူ စားပွဲပေါ်မှ တစ်သျှူးဘူးကလည်း အတောင်ပံပေါက်ကာ Jong In နဖူးကို အားရပါးရ ပြေးနမ်းသည်။
" Park Chanyeol!!! "
Jong In က တစ်သျှူးဘူးကိုကိုင်ရင်း ပြန်ပြောဖို့ နာမည်အော်လိုက်တဲ့ အချိန်မှာပဲ သူတို့အခန်းတံခါးကို စီနီယာတစ်ယောက်က လာခေါက်ပြီး မဆူဖို့ တိတ်တိတ်နေဖို့ လာပြောသွားသည်။
Chanyeol က တံခါးပြန်ပိတ်ရင်း Jong In ကို မျက်စောင်းခဲကာ ကြည့်လိုက်တော့ Jong In က လက်သီးပြန်ထောင်ပြသည်။ Chanyeol လည်း အနားမှာရှိတဲ့ သတင်းစာကို ကောက်ကိုင်လိုက်တော့ အမောင်ဝက်ဝံက သူ့ကို ရိုက်မှာစိုးလို့ ကြိုကာထားသည်။
နောက်ဆုံးတော့ တစ်ယောက်ကို တစ်ယောက် အံကြိတ်၍ ကြည့်ပြီး အဆုံးသတ်လိုက်ရသည်။ တက်ကြွလွန်းနေသူ Jong In ကို Chanyeol လည်း မနိုင်ပါပေ။
YOU ARE READING
Love Program [COMPLETED]
FanfictionA love story between two IT students... Hope you enjoy this..... ^^