" Sehun… မပြန်သေးဘူးလား "
Lobby မှာ ထိုင်ရင်းသီချင်းနားထောင်နေတုန်း အနားကိုရောက်လာသည့် Kim Jong Dae…။ Sehun လည်း နားကြပ်ကိုဆွဲဖြုတ်လိုက်ပြီး ခေါင်းခါပြလိုက်သည်။
" မပြန်သေးဘူး "
" lab ရှိလို့လား… "
Jong Dae က သူ့ဘေးက ခုံမှာဝင်ထိုင်ရင်း မေးသည်။
" ဟင့်အင်း… Jong In က lab ရှိတယ်လေ… သူ့ကိုစောင့်နေတာ… မင်းကရော ဒီအထိ ဘာကိစ္စ… "
သူနဲ့Jong In နဲ့တွဲနေပြီဆိုတာကို သူငယ်ချင်းတွေကို ဖြစ်ဖြစ်ချင်းညမှာတင် ဖွင့်ပြောလိုက်သည်။ သို့သော် တစ်ယောက်မှလည်း အံ့သြဟန်မပြ…။
Congratulations ဟူသော စာများကျတာ့ တတောင်တောင်ရောက်လာတတ်သည်။ လိုင်းပေါ်မှာတော့ offical relationship status မတင်ဖြစ်ပါ…။ သူ့မိဘ ကိုယ့်မိဘနှစ်ဖက်အသိုင်းအဝိုင်းက ရှိသေးသည် မဟုတ်ပါလား…။
" အာ… ဒီညနေ မုန့်သွားစားမလို့… Chanyeol တို့ပါလိုက်မှာ… မင်းနဲ့ Jong In လည်းလိုက်ရမယ်… "
" Okay လေ… "
Jong Dae နှင့်နှစ်ယောက်အတူတူ သီချင်းနားထောင်ရင်း Jong In lab ပြီးမည့်အချိန်ကို ထိုင်စောင့်နေလိုက်သည်။ နာရီဝက်လောက်ကြာတော့ sec floor ကနေ ရှေ့ဆုံးမှ အပြေးအလွှားဆင်းလာသော Jong In…။
" Sehunna… အရမ်းစောင့်လိုက်ရလား… "
အမြန်ပြေးဆင်းလာ၍ နဖူးမှာလည်း ချွေးစက်လေးတွေ စိုနေသည်။ Sehun လည်း အိတ်ထဲမှ လက်ကိုင်ပဝါကို ထုတ်ကာ ချွေးတွေကို သုတ်ပေးလိုက်တော့ Jong Dae က မမြင်ချင်ဟန်ဖြင့် ဟိုဘက်လှည့်သွားသည်။
" ဟင့်အင်း… အာ့လောက်မကြာပါဘူး… မင်း lab ရော သေချာလုပ်ခဲ့ရဲ့လား… မြန်လိုက်တာ… Chanyeol တို့တောင် မလာသေးဘူး "
ဆူသလိုပြောလိုက်တော့ သွားလေးဖြီးကာ ရယ်ပြသည်။ အရေးကြီးလှပါတယ်ဆိုတဲ့ phy lab ကို ပြီးပြီးရော လုပ်လာတဲ့ ဒီသတ္တဝါလေးကို Sehun ဘယ်လို ဆူရက်တော့မှာလဲ…။
Sehun စကားဆုံးဆုံးချင်းမှာပဲ Chanyeol နဲ့ Baekhyun လည်း စကားတပြောပြောနှင့် Lobby သို့ ရောက်လာသည်။ အားလုံးလူစုံပြီဖြစ်၍ စားနေကျ bakery သို့သာ ချီတက်ခဲ့ကြသည်။
YOU ARE READING
Love Program [COMPLETED]
FanfictionA love story between two IT students... Hope you enjoy this..... ^^