" Sehun ရေ... ငါ မင်းအတွက် မုန့်ဝယ်လာ... "
မနေ့က အသည်းကွဲပြီး မိုးမိကာ နေမကောင်းဖြစ်နေသည့် Sehun ဆီသို့ လူနာမေးအလာ ဧည့်ခန်းထဲက မြင်ကွင်းကြောင့် Jun Myeon ပြောမည့်စကားတွေ ရပ်တန့်သွားသည်။
ဆိုဖာပေါ်မှာထိုင်ရင်း Jong In နှုတ်ခမ်းစွန်းက ဒဏ်ရာကို ကြတ်ထုတ်ထိုးပေးနေတဲ့ Sehun...။ ဘယ်သူက နေမကောင်းပြီး ဘယ်သူက လာပြုစုပေးနေတာလဲတောင် Jun Myeon မသဲကွဲတော့။
" မင်းတို့ရန်ဖြစ်ထားတာလား... "
Jun Myeon က မေးလိုက်တော့ Sehun က တစ်လုံးတည်း တုံးတုံးတိတိ ပြန်ဖြေသည်။
" အင်း... "
Jun Myeon ခေါင်းကုတ်လိုက်မိသည်။ မနေ့က ကိစ္စကို ပြန်သတိရမိသွားတော့ Jong In ကို ကြတ်ထုတ်ထိုးပေးနေသည့် Sehun လက်ကို ဆွဲဖယ်ပစ်လိုက်သည်။ ပြီးတော့ နှစ်ယောက်ကြားမှာ ဟီးရိုးကြီးလို မတ်တပ်ဝင်ရပ်ပြီး Jong In ဘက်လှည့်ကာ...
" အပြင်မှာ လုပ်ချင်တာလုပ်ပြီး ငါ့သူငယ်ချင်းကို မျက်နှာပြရဲသေးတယ်ပေါ့... "
Sehun ရဲ့ သက်ပြင်းချသံတစ်ခုနှင့်အတူ တွန်းဖယ်ခံလိုက်ရ၍ ဘေးက ဆိုဖာပေါ်ကို Jun Myeon ဖင်ထိုင်ရက် ပြုတ်ကျသွားသည်။
Jong In ကို ကြည့်လိုက်တော့ သူ့ကိုရှိတယ်လို့တောင် ထင်ပုံမရ။ Sehun ကလည်း သူ့ဆီကို အကြည့်တောင်မရောက်။ ဒဏ်ရာကိုသာ ဆေးသေချာထည့်ပေးနေပြီး တဖူးဖူးနဲ့ နှုတ်ခမ်းနဲ့တောင် လေမှုတ်ပေးနေသေးသည်။
Jun Myeon ဒေါသထွက်သွားပြီး တစ်ခုခုပြောမလို့ လုပ်နေဆဲတွင် Sehun က...
" တော်... အခုမှ hero ဝင်လုပ်မနေနဲ့... "
" မနေ့က ငါသေချာမြင်ခဲ့တာပါဆို "
" အဲ့တာ သူ့အစ်မတဲ့... Jun Myeon မင်းကလည်း အစ်မလား ကောင်မလေးလား သေချာမကြည့်တတ်ဘူးလား... ငါက မောင့်ကို အထင်မှားပြီး ဒေါသတွေထွက်ပြီး ထိုးလိုက်မိတာ သွေးတောင်ထွက်သွားတယ်... "
Jun Myeon စိတ်ထဲမှနေ၍ သောက် RS တွေဟု ပြောလိုက်မိသည်။ အပြင်မှာတော့ ထုတ်မပြောရဲပါချေ။ လောလောဆယ် အခြေအနေက နှစ်ယောက်တစ်ယောက်မလား...။ အခြေအနေနဲ့ အချိန်အခါကို နားလည်ရမည်ဟု ကျောင်းက ဆရာမက သင်ထားသည်။
![](https://img.wattpad.com/cover/175284759-288-k268500.jpg)
YOU ARE READING
Love Program [COMPLETED]
FanfictionA love story between two IT students... Hope you enjoy this..... ^^