< Chapter 2 >

5.8K 678 67
                                    

" တရုတ်လေးကို တရုတ်လေးကို ချစ်တယ်ပြောချင်လို့ပါ… ရှောင်ကော ဝေါ်အိုက်နီ… ဝေါ်အိုက်နီ "

မနက်စာချက်နေရင်းတောင်မှ သီချင်းတကြော်ကြော်ဖြင့် မြူးထူးနေသော Kim Jun Myeon မှာ ကိစ္စတစ်ခုခုတော့ ရှိရမည်။

" ဟေ့ရောင်… မနက်အစောကြီး သီချင်းတွေ ဆိုလိုဆိုနဲ့… ပြောပါဦး… ဘာတွေဖြစ်နေတာလဲ "

သူများအိမ်မှာ မနက်စောစောစီးစီးတည်းက မနက်စာစားဖို့ရောက်နေတဲ့ Oh Sehun ပါလေ…။ အိမ်မှာ စားရတာပျင်းလာလို့ ဘာရယ်မဟုတ် နှစ်လမ်းကျော်က cottonကောင် အိမ်ကို စက်ဘီးလေးနဲ့ ထွက်လာလိုက်ခြင်းသာ…။

အထက်တန်းတုန်းကတော့ နေ့တိုင်းလိုလို တွေ့ဖြစ်ပေမယ့် ခုuniမတူတော့ အရင်ကလောက် မတွေ့ဖြစ်တော့။

အရင်ကဆို မနက်စာလာစားပြီဆိုရင် သူအစောကြီးထရလို့ဆိုပြီး အော်ငေါက်ဆူဆဲနေကြ။ ဒီနေ့တော့ ပြုံးပြုံး ပြုံးပြုံးနဲ့ အိပ်ယာက ထလာပြီး စိတ်ပါလက်ပါ မနက်စာချက်ပေးနေသည်။

ထူးဆန်းသည်။ ထူးဆန်းသည်။ အလွန့်အလွန် ထူးဆန်းသည်။ မဟာ့ မဟာထူးဆန်းနေသည်။

" ဟီးးးးးး… ငါတို့အိမ်ဘေးကို ပြောင်းလာတဲ့ တရုတ်မိသားစုက သားအကြီးက အရမ်းချောတယ်ကွ… Wu Yi Fanတဲ့… ငါသူ့ကိုကြွေသွားပြီ… "

" သားအကြီးကဆိုတော့ သားကဘယ်နှစ်ယောက်တောင်လဲ… "

" နှစ်ယောက်… သားအငယ်ကတော့ ငါနဲ့ဆို ဘုနဲ့ဘောက်… သောက်ကလေး ငါ့ဆို အမြဲဖဲ့တာ… "

"…"

" ထားပါ… ခုငါနဲ့ လိုက်ခဲ့ဦး… အပြင်မှာ Gege ပန်းပင်တွေ ရေလောင်းနေတယ်… ငါစကားသွားပြောမယ်… မင်းက ငါ့အခြေအနေ ဘယ်လိုရှိလဲဆိုတာကို ကြည့်ပေး… "

" ငါဗိုက်အရမ်းဆာနေပြီ… စားပြီးမှ သွားရအောင်ပါကွာ"

" ငါနဲ့မလိုက်ရင် မနက်စာမကျွေးဘူးနော်… "

ဆရာကြီးစတိုင်နဲ့ပြောကာ ရှေ့မှ ကော့တော့ကော့တော့ ထွက်သွားသော Kim Jun Myeon…။ Sehun ကတော့ မေတ္တာတွေ အလုံးလိုက်အခဲလိုက် ပို့ရင်းသာ ကျန်ခဲ့သည်။

Love Program [COMPLETED]Where stories live. Discover now