< Chapter 17 >

3.9K 544 128
                                    

နှိုးစက်အသံကြောင့် Jongin အိပ်ချင်မူးတူးဖြင့် နိုးလာသည်။ နာရီကိုကြည့်လိုက်တော့ မနက်ငါးနာရီခွဲ…။ ညက ဂိမ်းဆော့ထားသည့် အရှိန်ကြောင့် ပြန်အိပ်ရန် ကြိုးစားမိသော်လည်း ဖုန်းက အလိုက်ကမ်းဆိုးမသိစွာ မြည်လာသည်။

" ကျွတ်… ဘယ်သူလဲကွာ… သူများအိပ်ချိန်ကို လာနှောင့်ယှက်နေတယ်… ဘယ်သူဖြစ်ဖြစ် ပိတ်ကောပစ်ဦးမယ် "

အိပ်ယာမှ မထချင်ထချင်ဖြင့် ထလိုက်ပြီး ကုတင်ဘေးမှ ဖုန်းကို လှမ်းယူလိုက်သည်။ အရမ်းအိပ်ချင်နေတာမို့ contact name တောင် မကြည့်နိုင်ဘဲ ကိုင်လိုက်သည်။

" ဘယ်သူလဲကွာ! မနက်စောစောစီးစီး… "

" မင်းအဘ Oh Sehun "

တစ်ဖက်မှ ထွက်လာသည့်အသံကြောင့် Jong In မျက်လုံးနည်းနည်းကျယ်သွားသည်။ အိပ်ယာပေါ်မှာ မတ်မတ်ထိုင်ရင်း မျက်လုံးကို ပွတ်နေမိသည်။

" အာ… Sehun လား… ပြော "

" တံခါးလာဖွင့်ပေး… ငါမင်းအဆောင်ရောက်နေတာ ကြာပြီ… "

" Oops! Gosh! လာပြီ လာပြီ "

အိပ်ချင်နေသည့် စိတ်တွေအကုန်ပျောက်သွားပြီး အိပ်ယာပေါ်မှ ကမန်းကတန်းပြေးဆင်းကာ တံခါးဖွင့်ပေးလိုက်သည်။ ဖုန်းထဲက တဆင့်ကြားရတဲ့ အသံသြရှရှတစ်ခုက သူ့ကို ပြာယာခတ်စေတယ်တဲ့လား…။

အထုပ်အချို့ဆွဲပြီး Sehun က အခန်းထဲဝင်လာသည်။ တံခါးဖွင့်ပေးပြီးမှ အကျီ င်္မဝတ်ထားကြောင်း သတိရ၍ ကြမ်းပြင်ပေါ်ကျနေသော တီရှပ်တစ်ထည်ကို Jong In ဖြစ်သလို ကောက်စွပ်လိုက်သည်။

" Sehunna… အစောကြီးပဲ "

" ဒီနေ့ Hiking လေ… မေ့နေတာလား "

Sehun က သူ့ကုတင်ပေါ်မှာ ဝင်ထိုင်ရင်းနဲ့ ပြောသည်။ အဝါရောင်တီရှပ်နှင့် ဂျင်းပန်အပြာကို ဝတ်ထားသော Sehun မှာ ကလေးလေးတစ်ယောက်လို ဖြူစင်လွန်းနေသည်။

Sehun နဲ့ စကားပြောနေရင်းမှ Jong In နှိုးစက်ပေးထားတဲ့ အကြောင်းရင်းကို သတိရမိသည်။ ဒီနေ့ သူတို့ Hiking လုပ်မယ့်နေ့ပဲ…။

" ဟုတ်သားပဲ… အဲ့တာက မနက်ခြောက်နာရီ ချိန်းထားတာမလား… မောင်လုံးဝမေ့နေတာ "

Love Program [COMPLETED]Tempat cerita menjadi hidup. Temukan sekarang