< Chapter 19 >

3.8K 619 130
                                    

ကျောင်းပိတ်ရက်ဖြစ်သော်လည်း ကျောင်း Lobby တွင် လူစည်နေပြန်သည်။ အကြောင်းအရင်းမှာ စာမေးပွဲကြောင့်ပင်။ Sehun နဲ့ Jong In လည်း ဟိုးထောင့်မှာရှိနေတဲ့ လူများတွေနဲ့ဝေးတဲ့ စားပွဲတစ်လုံးမှာ ခေါင်းချင်းဆိုင်ကာ ထိုင်နေကြသည်။

သူတို့ရဲ့ အကြည့်တွေက Laptop ဆီမှာ မရှိကြ။ တစ်ယောက်ကို တစ်ယောက်သာ စူးစူးစိုက်စိုက် ကြည့်နေကြသည်။ သို့ဗသာ် အကြင်နာမျက်ဝန်းတွေနဲ့ ကြည့်နေသည်ဟု မထင်ပါနဲ့။ အကြံတူမျက်ဝန်းတွေနဲ့ ကြည့်နေတာသာ ဖြစ်သည်။

တိတ်ဆိတ်နေပြီးမှ တစ်ပြိုင်တည်းထွက်လာတဲ့ အသံနှစ်ခုက...

" ရေးပြီးသား Assignment လေးပေး... "

" Assignment လေး တစ်ချက်လောက် "

နှစ်ယောက်ပြိုင်တူထွက်လာသော အသံကြောင့် နှစ်ယောက်လုံး ခေါင်းကုတ်မိသွားသည်။ ဒီအတောအတွင်း စာမလုပ်ဖြစ်ဘဲ အချိန်ရတိုင်း လျှောက်သွားပြီး ဒိတ်နေမိတာ...။

စာမေးပွဲနီးမှ ဘာ notes ဘာ assignment မှ မရှိသေးကြောင်း သိလိုက်ရသည်။ ဒါကြောင့် အရင်ကလို ခေါင်းချင်းဆိုင်ပြီး တီတီတာတာ မပြောနိုင်တော့ဘဲ မျက်နှာချင်းဆိုင်ကာ ကိုယ်စီစာလုပ်နေရသည်။

Programming ရေးနေသော Sehun ဆီမှ ကီးဘုတ်အသံ တချောက်ချောက်ထွက်ပေါ်နေသည်။ Phys ကြည့်နေသော Jong In ကတော့ ဘောပင်တစ်ချောင်းကို ကိုက်လျက် Laptop screen ကိုသာ မျက်နှာသေကြီးဖြင့် စိုက်ကြည့်နေလေသည်။

စာတွေက တစ်လုံးမှလည်း နားမလည်...။ eng လိုရေးထားတာရော ဟုတ်ရဲ့လား...။ ဂြိုဟ်သားစာတွေများလား...။

Jong In ဘာလုပ်ရမှန်းမသိ။ ခေါင်းကုတ်နေမိတော့သည်။ ရှေ့တည့်တည့်က Sehun ကို ကြည့်လိုက်တော့ တချောက်ချောက်ဖြင့် အသားကုန်ရေးနေသည်။

" yah... Oh Sehun ကီးဘုတ်အသံတချောက်ချောက်နဲ့ ငါစာထဲ အာရုံစိုက်လို့မရဘူး... တခြားဟာ ပြောင်းလုပ်ကွာ "

Jong In စကားကို Sehun နားကြပ်ယူပေးလိုက်ရင်းနဲ့ ပြန်ဖြေလိုက်သည်။ အကြည့်တွေကတော့ screen ဆီက မခွာပါ။

" မကြားချင်ရင် နားကြပ်တပ်ထား... ငါက မင်းလို program pro မဟုတ်ဘူး... hyper ကောင်ရဲ့... လုပ်ရမှာပဲ "

Love Program [COMPLETED]Donde viven las historias. Descúbrelo ahora