< Final Part 1 >

3.6K 488 39
                                    

Scholarship ဟူသည့် စာလုံးမဲလေး ထင်းနေသည့် mail ကို Jong In စိုက်ကြည့်နေမိသည်။

သူထွက်သွားလိုက်ရင် ကိစ္စတွေအကုန်ပြီးသွားမှာလား… ။ ညကလည်း ဖုန်းမကိုင်ဘူး… ။ အခုထပ်ခေါ်တော့လည်း မကိုင်ဘူး… ။ ညက တစ်ခုခုဖြစ်ခဲ့တယ်ဆိုရင်တောင် သူ့ကိုပြောပြဖို့ ငါးမိနစ်လောက်တောင် အချိန်မပေးနိုင်ဘူးလား… ။

တကယ်ပဲ မင်းစိတ်တွေ ပြောင်းသွားတာလား Sehun… ။ သူမက လှလို့လား… ။ ဒါမှမဟုတ် အရည်အချင်းရှိလို့လား… ။

တစ်ယောက်တည်း အတွေးလွန်တတ်သည့် အကျင့်ကြီးကို Jong In တကယ်မုန်းပါသည်။ ထိပ်တိုက်ဖြေရှင်းဖို့လည်း သူမလုပ်ရဲပါ။ Sehun ဆီက ထွက်လာမည့်အဖြေကို မကြားရဲတာဆို ပိုမှန်မည်။ Sehun ကိုမယုံတာမဟုတ် ကံကြမ္မာကို မယုံကြည်ခြင်းသာ… ။

အတွေးလေလွင့်နေတုန်း ရုတ်တရက် Jong In လက်ထဲမှ ဖုန်း တစ်စုံတစ်ယောက်ဆီသို့ အလုခံလိုက်ရသည်။ မြင်ကွင်းမှာ မြင်နေရတဲ့ ဖိနပ်ဖြူလေးမှာတော့ သွေးတချို့စွန်းပေလို့… ။

ဘာမှမပြောပဲ ခြေလှမ်းကျဲကျဲတွေနဲ့ ထွက်သွားတဲ့ ဖိနပ်ပိုင်ရှင်လေးနောက်ကို Jong In အမှီလိုက်ရပြန်သည်။

" Sehun… Sehun… "

အကြိမ်ကြိမ်ခေါ်နေတာတောင် လှည့်မကြည့်တဲ့ကောင်လေးက ဆေးရုံရဲ့ ထောင့်ကျကျနေရာတစ်နေရာရောက်တော့ ခြေလှမ်းကျဲတွေ ရပ်သွားသည်။ ပြီးတော့ သူ့ဘက်လှည့်လာပြီး…

" Kim Jong In… မင်းဟာလေ… အမြဲတမ်း မင်းဘက်က အမြင်တစ်ခုတည်းနဲ့ တဖက်သတ် ဆုံးဖြတ်တယ်…

ငါ့ကို မိန်းကလေးတစ်ယောက်နဲ့ တွေ့လိုက်လို့ မကျေနပ်ဘူးမလား… ဒဲ့ လာတွေ့ပြီး အကျီ င်္ကော်လာကိုဆွဲပြီး သူက ဘယ်သူလဲလို့ မေးလိုက်စမ်းပါ…

အခုလို တစ်ယောက်တည်း ကြိတ်ခံစားမယ်… ပြီးရင် အလျော့ပေးပြီး တိတ်တိတ်လေးထွက်သွားပေးမယ်… အဲ့ဒီလိုဆိုရင်တော့ မင်းက တစ်ကိုယ်ကောင်းဆန်တာပဲ… "

စကားအရှည်ကြီးကို မရပ်မနားပြောသွားတဲ့ Sehun က ဒေါသထွက်လွန်း၍ မျက်နှာဖြူဖြူကပါ အနည်းငယ်နီနေသယောင်… ။ Jong In ပြန်ပြောဖို့ ကြိုးစားလိုက်သော်လည်း စကားလုံးတွေက လည်ချောင်းဝမှာတင် ပျောက်ကွယ်ကုန်သည်။

Love Program [COMPLETED]Where stories live. Discover now