" Sehunnie... "
ကျောင်းထဲကို ဝင်လာလာချင်း ပုခုံးကို ပြေးဖက်တဲ့ Jong Dae ကြောင့် Sehun ပြုံးမိသွားသည်။
တစ်ဆက်တည်းမှာပဲ စချင်စိတ်လည်း ပေါ်လာတာမို့ ပုခုံးကိုသေချာဖက်လို့ရအောင် ဒူးကွေးပေးလိုက်တော့ Jong Dae က ကျောကုန်းကို လှမ်းရိုက်တော့သည်။
" ရားးးး... ဒီအရပ်ကိုပဲ ထိခိုက်နေတယ်... "
ထို့နောက် ဘောက်ဆတ်ဆတ်နဲ့ Lobby ကို ထွက်သွားသဖြင့် Sehun လိုက်ဆွဲရတော့သည်။ ငါ့ရဲ့လူပုစိတ်တို သူငယ်ချင်းလေး... ။
" အဲ......... Jong Dae... Jong Dae... ချစ်သူငယ်ချင်းလေးကလည်း Kim သခင်လေးကို စတာကို... ဆိတ်ချီးပဲ... "
" borr... "
" အဲ... စိတ်ချည်းပဲ ပြောတာ... သွားရအောင် "
ဒီတစ်ခါတော့ Sehun က Jong Dae ကို လည်ပင်းဖက်၍ ခေါ်လာခဲ့သည်။ ဒီသူငယ်ချင်းသေးသေးလေးက တကယ်စလို့ ကောင်းပါသည်။ နှစ်ယောက်သား Lobby ရောက်တော့ လူရှင်းတဲ့ စားပွဲတစ်ခုမှာ ထိုင်လိုက်ရင်း ဖုန်းထုတ်သုံးနေလိုက်သည်။
ကျောင်းပြန်ဖွင့်တဲ့နေ့ကို မောင်က အခုထိ မရောက်သေးဘူးလား...
Chanyeol နဲ့ Baekhyun ကရော ဒီနေ့မလာဘူးလားမသိဘူး...
Sehun စိတ်ထဲမှာ တောင်တောင်အီအီ လျှောက်တွေးနေမိသည်။ Chanyeol act now ဖြစ်နေတာကိုမြင်၍ message ပို့ကာ ကျောင်းလာမလာ လှမ်းမေးလိုက်တော့...
ကျောင်းတော့လာမယ်... ဒါပေမယ့် နောက်ကျမယ်တဲ့... အိမ်မှာ လုပ်စရာရှိလို့ဆိုလား...
Sehun လည်း ig သာဆက်သုံးနေလိုက်သည်။
ဆယ့်ငါးမိနစ်လောက်နေတော့ Sehun ပျင်းလာသည်။ စကားပြောမည်ဟူသော အတွေးဖြင့် Jong Dae ကို ကြည့်လိုက်တော့ earphone တပ်ကာ တစ်ယောက်တည်း ကမ္ဘာတည်ရင်း ဂိမ်းဆော့နေသည်။ Sehun လည်း ပျင်းပျင်းရှိသည်နှင့် ဘေးဘယ်ညာ အကုန်လျှောက်ကြည့်နေမိသည်။
Lobby မှာ ထိုင်နေကျ စီနီယာအစ်မကြီးတွေလည်း မတွေ့တော့ပါလား... မဟုတ်မှလွဲရော ဘဲရသွားတာများလား... Ae... မဖြစ်နိုင်တာ...
ဟိုဟိုဒီဒီလျှောက်ကြည့်ကာ လျှောက်တွေးနေတုန်း မြင်ကွင်းထဲကို ဝင်လာတဲ့သူတစ်ယောက်... ။
![](https://img.wattpad.com/cover/175284759-288-k268500.jpg)
ŞİMDİ OKUDUĞUN
Love Program [COMPLETED]
Hayran KurguA love story between two IT students... Hope you enjoy this..... ^^