< Chapter 8 >

4.2K 521 97
                                    

" Sehunna... "

toilet ရှေ့မှာ ရပ်စောင့်နေရင်း အထဲမှ Sehun ထွက်လာတာကိုမြင်၍ Jong In လှမ်းခေါ်လိုက်သည်။ သူ့ကို မမြင်ချင်ယောင်ဆောင်ပြီး mall ထဲကို ခပ်တည်တည်နဲ့ ဝင်သွားတာမို့ Jong In လည်း နောက်ကနေ အပြေးလိုက်ရသည်။

အနားရောက်သွားတော့ ကိုယ်တော်ချောက သူ့ကျောပိုးအိတ်အလေးကြီးကို အင့်ကနဲထိုးပေးလာသည်။ Jong In လည်း မျက်နှာတစ်ချက်မပျက်ရဲပဲ ကျောပိုးအိတ်ကို လွယ်ထားလိုက်သည်။

အီးးးး... လေးနင့်နေတာပဲ ဘာတွေထည့်ထားလဲမသိ

" Sehunna... ဘာစားဦးမလဲ... ငါဝယ်ကျွေးမယ်လေ... "

" ဗိုက်မဆာဘူး... "

လုံးဝကို အချေမျက်နှာနှင့်ပြောနေပုံက မသိရင် သူ့ကိုတစ်ဖက်သက်ကြိုက်နေတဲ့ ကောင်မလေးရှေ့မှာ ချေနေသလိုလို ဘာလိုလို...။ Jong In လည်း နောက်ကနေ ခပ်ကုတ်ကုတ်လေး လိုက်လာမိတော့...

" ဘာလို့ ငါ့နောက်လိုက်လာတာလဲ... မင်းရဲ့ Noona တွေနဲ့ပဲ သွားလေ... "

Oh Sehun ၏ ကောက်ကြမယ် ရစ်ကြမယ် အစီအစဉ် စတင်လေပြီ…။ ထိုအစီအစဉ်နှင့်အတူ ကလေးထိန်းကြီး Kim Kai ၏ ချစ်စရာ့အရွယ် ချော့ကြမယ် အစီအစဉ်ကိုလည်း တပြိုင်နက် ပြသရတော့သည်။

" Sehun ကလည်း...ငါ့ Noona မဟုတ်ပါဘူး... သူတို့က ခဏပဲ... ယောက်ျားလေးသဘာဝ ခဏလေးပဲ အီတာကိုကွာ... မင်းနဲ့ဘယ်တူပါ့မလဲ... မင်းက ငါ့အတွက် only one လေ... "

" Shut up!!!... "

" အင့်... "

Jong In | Sehun စကားကြောင့် အင့်ကနဲဖြစ်သွားရပြီး ပါးစပ်ပိတ်ကာ ခေါင်းလေးပုနေရတော့သည်။

" မင်းဘာစားချင်လဲ... ငါအကုန်ဝယ်ကျွေးမယ်... အချစ် လိုချင်တာလည်း ဝယ်ပေးမယ်လေ... ဒီနေ့အကုန် ငါရှင်းမယ်လေကွာ... နော်... နော် စိတ်မဆိုးပါနဲ့နော်... "

လှည့်ကြည့်မလာ... ။ reply လည်း မပြန်ဘဲ ရှေ့တည့်တည့်သာ ဆက်သွားနေသည်။ Mall ထဲမှာ တစ်ယောက်တည်းစကားပြောနေသလို ဖြစ်နေသော Jong In မှာ အရူးတစ်ပိုင်းဖြစ်နေသည်။

Jong In လည်း Sehun ရှေ့ကနေပိတ်ရပ်လိုက်ပြီး မျက်နှာနားကို တဖြည်းဖြည်းတိုးတိုးသွားလိုက်သည်။ ထို့နောက် ရုပ်ရှင်တွေထဲကလို အပြုံးလေးဖြင့် Sehun ကို သေချာကြည့်ကာ...

Love Program [COMPLETED]Where stories live. Discover now