" မေမေ သားမသွားလို့ မရဘူးလား "
suit မှ နက်ခ်တိုင်ကို စိတ်ရှုပ်စွာ ဆွဲဖြေလိုက်ရင်း ပြောလိုက်တော့ မေမေရဲ့ အကြည့်စူးစူးတွေက သူ့ဆီရောက်လာသည်။
" သား ကျောင်းပြောင်းချင်လို့လား… "
မေမေတကယ်ပဲ သူ့ကို အကျပ်ကိုင်နေသည်။ သူဒီကျောင်းကို ဘယ်လောက်တက်ချင်ခဲ့လဲဆိုတာကို သိရက်နှင့်။ ပြီးတော့ ကျောင်းပြောင်းရလျင် မောင်နဲ့ပိုဝေးသွားနိုင်သည်။
မေမေက သူဆွဲဖြေလိုက်တဲ့ နက်ခ်တိုင်ကို သေချာပြန်စည်းပေးရင်း…
" ပြသနာတက်တယ်ဆိုတဲ့ အသံမျိုး မေမေမကြားချင်ဘူးနော်… တဖက်မိန်းကလေးကို ကောင်းကောင်းမွန်မွန်ဆက်ဆံ… မေမေ ကားပေါ်ကနေ ကြည့်နေမှာ "
Sehun ဘယ်လိုမှ မေမေ့ကို စကားနိုင်မထိုးနိုင်တော့။ ထိုမိန်းကလေးနှင့် ညှိနှိုင်းကြည့်မည်ဟု ဆုံးဖြတ်ပြီး ကားတံခါးဖွင့်ကာ ချိန်းထားသည့် ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။
Sehun ဆိုင်ထဲဝင်ပြီး မေမေပြောသည့် မိန်းကလေးကို မျက်စိကစားပြီး ရှာနေမိသည်။ ထောင့်စွန်းဝိုင်းက ကောင်မလေးက မတ်တပ်ရပ်ပြီး လက်ပြသဖြင့် Sehun လည်း ထိုဝိုင်းကိုပင် တည့်တည့်မတ်မတ်သွားလိုက်သည်။
" တွေ့ရတာ ဝမ်းသာပါတယ်… Oh Sehun ပါ "
" Lee EunBi ပါ… တွေ့ရတာ ဝမ်းသာပါတယ် "
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နှုတ်ဆက်ပြီးနောက် မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
သူ့ထက် နှစ်နှစ်ကြီးသည်ဟူသော ထိုမိန်းကလေး၏ ရုပ်ရည်မှာ မင်းသမီးတစ်ယောက်ထက် မနိမ့်ပေ။ ဝတ်ပုံစားပုံမှာလည်း လုံလုံခြုံခြုံနှင့် ဖက်ရှင်ကျကာ ကြည့်ကောင်းသည်။ အဆင့်အတန်းမြင့်မြင့်ထဲကဆိုတာ ကြည့်တာနဲ့ပင် သိသာသည်။ မေမေက တကယ်ပဲ ဘာပြစ်ချက်မှ မရှိတဲ့ မိန်းကလေးကို ရွေးပေးခဲ့တာပဲ… ။
" တစ်ခုခုမှာလေ… Oh Sehun-ssi… "
" အာ… Sehun လို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါ… မမှာတော့ပါဘူး… ကျွန်တော် အိမ်က မနက်စာ စားလာလို့ပါ "
![](https://img.wattpad.com/cover/175284759-288-k268500.jpg)
YOU ARE READING
Love Program [COMPLETED]
FanfictionA love story between two IT students... Hope you enjoy this..... ^^