< Chapter 9 >

4.3K 575 158
                                    

" Gravity အပြင်ဘက် ခုန်ထွက်… တရုတ်လေး တချက်ပြုံးလိုက်တိုင်း ငါနှေးသွားတယ်… သိပ်လှတဲ့ သက်တံ့ကြီးတောင် ကွေးသွားတယ်… အားလုံးထက် မင်းအလှနန်းဆန်လွန်းလှတယ်… Ayyy… အဟစ် အဟစ်… "

ခြံထဲက အပင်လေးတွေကို ရေလောင်းချင်ယောင်ဆောင်ရင်း ဟိုဘက်ခြံက အစ်ကိုကြီးကို ငမ်းနေပါသော Kim Jun Myeon လေး…။ ပါးစပ်မှလည်း သီချင်းတကြော်ကြော်ဆိုလျက် crush အစ်ကိုကြီးကို ငေးနေရလေသည်။

အချောလေး Kim Jun Myeon ကို အချိန်ပြည့် သီချင်းဆိုနေသည်ဟုလည်း မထင်စေလိုပါ။ ဒါ Music ကို ဝါသနာပါသည်ဟုခေါ်သည်။ တစ်ချိန်ကျရင် အချောလေးက idol ဖြစ်ရင် ဖြစ်လာမှာ…။

" ဟိဟိ… Wu Yifan ရေ… ခင်ဗျားဘာလို့ အာ့လောက်တောင် ချောတာတုန်း… ချောလိုက်တာမှ ဘယ်လိုကြည့်ကြည့် ဟောဒီက အချောလေး Kim Jun Myeon ရဲ့ရည်းစားဖြစ်မယ့်ရုပ်… "

စာဖတ်နေသော Yifan ကို ကြည့်ရင်း Jun Myeon မကျေမနပ်ပြောလိုက်မိသည်။ စာအုပ်လေးကို လက်ကကိုင်ရင်း နားကြပ်တပ်ကာ သီချင်းလည်းနားထောင်နေသေးသည်။

စတိုင်ကျလွန်းနေသော Wu Yifan ကြောင့် Jun Myeon မျက်လုံးတွေ ဘလင်းဘလင်းဖြစ်ကုန်သည်။ အမှန်ဆို အချောလေး Jun Myeon ကြွေလောက်တဲ့ထိ Wu Ge Ge မချောသင့်ပါ…။

လက်ထဲမှ ရေပိုက်ကိုလည်း သတိမထားမိတော့…။ Yifan ကိုသာ ငေးနေမိတော့သည်။ Jun Myeon လေး အိမ်နဲ့လူနဲ့ ကပ်နေတာ အပြင်သိပ်မသွားသည့် အိမ်နီးချင်း crush လေးကြောင့်လည်း ပါသည်။

တစ်ဆက်တည်းမှာပဲ Wu Yifan ကို ငေးနေရင်း ဘေးကိုကြည့်လိုက်တော့ သူ့အစ်ကိုလိုပဲ စာအုပ်ဖတ်နေတဲ့ ဟိုသောက်ကလေး…။

သူ့အစ်ကိုက စတိုင်အပြည့်နှင့်ဖတ်နေသလောက် သူကတော မျက်မှန်အထူကြီးနှင့် စာဂျပိုးစတိုင်ဖမ်းကာ စာကိုအသေအလဲ ကျက်နေသည်။

သူကြည့်နေတာကို မိသွားတော့ Wu Yixing က မျက်စောင်းထိုးကာ ကြည့်နေသည်။ Jun Myeon လည်း ပြန်ပြီး မျက်နှာကို မဲ့ရွဲ့ပြလိုက်သည်။

ဒီကမ္ဘာမှာ Wu Yixing ကို ကြိုက်မယ့်သူရော ရှိပါ့မလားဟု စဉ်းစားနေမိသည်။

" ငွင်းးးးး… ငွင်းးးး ငါမင်းအစ်ကိုဖြစ်လာတဲ့ တစ်နေ့ကျမှ မင်းနဲ့ငါတွေ့ကျသေးတာပေါ့ ယောက်ဖလောင်းလေးရာ…။ အိမ်ပေါ်ကကို ကန်ချပစ်မယ်… "

Love Program [COMPLETED]Where stories live. Discover now