< Chapter 11 >

4.7K 564 90
                                    

" Wow... Kim Jong Dae... ဒီနေ့ အရမ်းမိုက်နေတယ်... "

Sehun ခုမှဆိုင်ကယ်ဖြင့် ဝင်လာသော Jong Dae ကို လှမ်းဖက်ရင်းပြောလိုက်သည်။ ခဲရောင်ကုတ်ဖြင့် Jong Dae မှာ ဒီနေ့တကယ်ပင် ကြည့်လို့ကောင်းနေသည်။

Jong Dae က ဒီနေ့ပွဲ သီချင်းဆိုမည် ဖြစ်သည်။ Min Seok Hyung ကတော့ MC နေရာမှဖြစ်ပြီး Chanyeol ကတော့ Organizer team ကမို့ ပွဲကိုသာ ကြီးကြပ်ပေးနေရသည်။ Baekhyun လည်း Chanyeol နည်းတူ Organizer team...။

" ငါတို့ အမှတ်တရ ဓာတ်ပုံရိုက်ရအောင်... "

Jong Dae စကားကို Sehun လည်း လက်ခံလိုက်သည်။

" ဟိုကောင်တွေကို သွားခေါ်လိုက်ဦးမယ်... "

အားလုံး လူစုပြီးနောက် ကျောင်းရှေ့တွင်သူတို့ Group photo ရိုက်ခဲ့သည်။ ရယ်စရာတော့ ကောင်းသည်။ Baekhyun လက်ထဲမှာက ဆူရှီပုံးကြီးနှင့်...။ Chanyeol ကတော့ ကင်မရာတစ်လုံး လွယ်လျက်...။

ခဏကြာသောအခါ ပွဲစကြသည်။ Jong In က Prof အဖွင့်စကားပြောပြီးလျင် ပထမဆုံး ကရမည့်သူမို့ stage နောက်ဘက်သို့ ရောက်နေသည်။ Sehun နဲ့ Jong Dae ကတော့ ပရိတ်သတ်ခုံမှာ ထိုင်ရင်း ဆူရှီတစ်ယောက်တစ်ဘူးယူကာ အေးဆေးထိုင်စားနေလိုက်သည်။

ခဏကြာတော့ သေနတ်သံ အစပြုသည့် သီချင်းသံဖြင့် Kim Jong In ထွက်လာသည်။ ပါးစပ်မှာလည်း နှင်းဆီနီနီတစ်ပွင့်ကို ကိုက်လျက်...။ အောက်ခံရှပ်အကျီ င်္မပါဘဲ အပေါ်ကုတ်အနက် တစ်ထပ်သာဝတ်ထားပြီး ထိုကုတ်ကိုလည်း ကြယ်သီးမတပ်ထား...။

Jong In ထွက်လာသောအခါ မိန်းကလေးများ ဝိုင်းအော်ကြ၍ အနည်းငယ် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

Sehun ကတော့ စိတ်ရှုပ်ဟန် မျက်မှောင်ကြုံ့ထားမိသည်။

Sexy ပေါ့… ဘာ sexy လဲ… ခု စားနေတဲ့ ဆူရှီလောက်တောင် မကောင်းဘဲနဲ့… ညဘက်ကြီး ဒီလောက်လေတွေတိုက်နေတာကို ရင်ဘတ်ကြီးဟထားတာ အအေးပတ်ပါစေဗျာ…။

" ဘာတွေဒီလောက်တောင် ထူးဆန်းနေလို့ပါလိမ့်... "

စားလက်စ ဆူရှီဘူးကို ပိတ်လိုက်ပြီး ဘေးချထားလိုက်သည်။ စည်းချက်ကျကျ သီချင်းသံနှင့်အတူ မိန်းကလေးများ၏ အော်ဟစ်အားပေးသံများမှာ ကာရံလိုက်နေသည်။

Love Program [COMPLETED]Where stories live. Discover now