< Chapter 23 >

3.4K 601 97
                                    

first yr နောက်ဆုံးစာမေးပွဲတွေပြီးတော့ Sehun တို့ ကျောင်းတစ်လပိတ်သည်။ အစကတော့ ဘယ်သွားမယ် ညာသွားမယ်နဲ့ အစီအစဉ်တွေ ဆွဲခဲ့သော်လည်း တကယ်တမ်းတော့ ဘယ်မှမသွားဖြစ်ခဲ့။ Jong In နဲ့လည်း တစ်ပတ်တစ်ခါလောက်သာ တွေ့ဖြစ်တော့သည်။

ဒီနေ့လည်း Sehun အခန်းအောင်းပြီး တစ်နေ့လုံး လိုင်းထိုင်သုံးနေသည်။ nf လေးကြည့်လိုက် ပျင်းလာလျင် ဂိမ်းလေးဆော့လိုက်နှင့် အဆင်ပြေနေသည်။

အရင်က ကျောင်းပိတ်ရက်တွေတိုင်းမှာ သူနဲ့အပြင်ထွက်ဖြစ်ပေမယ့် အခုတလော အိမ်က ဘယ်သူနဲ့သွားတာလဲ ဘယ်သွားတာလဲကအစ တစ်ခုချင်း လိုက်မေးနေ၍ အိမ်မှာပဲ ငြိမ်နေရသည်။

grade တွေကလည်း အရမ်းကောင်းနေတာမဟုတ်တော့ အိမ်ကို မတော်လှန်ရဲပါ။ တစ်ပတ်လောက်တော့ လိမ္မာပြလိုက်ဦးမည်ဟု Sehun တွေးထားသည်။

nf ကြည့်ရင်း တက်လာတဲ့ပုံတွေက... အစားအသောက်ပုံတွေ အထူးသဖြင့် hotpot ဆိုင်ကပုံတွေ...

" ဟင်... promotion ပေးနေတာလား... "

" အားးးးး စားချင်လိုက်တာ... "

" အပြင်ထွက်ချင်တယ်လို့... "

အိပ်ယာပေါ်မှာ ဟိုဘက်ဒီဘက် လူးလိမ့်ရင်း ခြေဆောင့်နေမိသည်။ အပြင်မထွက်တာ နှစ်ရက်ရှိပြီ။ မောင်နဲ့လည်း မတွေ့ရ။ first yr အပြီးကျောင်းပိတ်ရက်က သူ့အတွက် ရှည်လျားလွန်းနေသည်။ ပြီးကို မပြီးနိုင်တော့။

တစ်လတည်းရှိတဲ့ holidays ကို ကြာတယ်ထင်နေတဲ့ ခံစားချက်ကို FA လေးတွေကတော့ နားလည်နိုင်မည် မထင်ပါ။ ရှင်းပြချင်ပေမယ့်လည်း Sehunnie မအားပါ။ hotpot ဆိုင်သွားဖို့အကြောင်း မောင့်ကို message ပို့ရဦးမည်။

" မရဘူး... သွားမယ်ကွာ... "

ကိုယ့်ဘာသာကို ကြွေးကြော်လိုက်ပြီး အိပ်ယာမှထထိုင်ပြီး messenger ဖွင့်လိုက်သည်။ အရှုပ်ထုတ်ကောင်ဟူသော chathead ထဲကို ဝင်လိုက်ပြီး စာတချို့ရိုက်လိုက်သည်။

- hotpot is waving at you!!!

act now ဖြစ်နေတာမို့ ချက်ချင်း seen ပြသွားသည်။ ခဏကြာတော့ typing ပေါ်လာ၍ Sehun လည်း ထိုင်စောင့်နေလိုက်သည်။ သို့သော် ပေါ်လာသည့်စာက...

Love Program [COMPLETED]Dove le storie prendono vita. Scoprilo ora