"ဒုတ်..."
"အ... သေပါပြီ"
မာကြောတဲ့ အရာကြီးနဲ့ အရှိန်ပြင်းစွာ ဆောင့်လိုက်မိသော နဖူးပြင်နုနုကြောင့် ဖိုးလုံးမျက်လုံးထဲ ကြယ်တွေလတွေပင်မြင်သွားရသည်။နာကျင်လွန်းတာကြောင့်ဟန်ကိုယ့်ဖို့ပင် မစွမ်းနိုင်ဘဲ မျက်ရည်စတွေ အလိုလိုစို့တက်လာကာ နီရဲတွတ်လာသော နဖူးပြင်ကို လက်နဲ့ အုပ်ပြီး ထိုင်ချလိုက်မိသည်။တရိပ်ရိပ်ရဲတက်လာသော နဖူးအလယ်တဝိုက်က ဆေးနီသုတ်ခံထားရသည့်အတိုင်း။
"သေပါပြီဗျာ... ဘာကြီးကိုများ တိုက်?"
တစိမ့်စိမ့်နာလာသော နဖူးပြင်ကို ပွတ်နေရင်း မကျေမနပ် မော့အကြည့် တွင် မြင်လိုက်ရသော မြေဝါရောင်ဝတ်စုံကြောင့် ဖိုးလုံးလေးခမျာ မျက်ရည်အဝိုင်းသားနဲ့ ရုတ်တရက် တေမိဖြစ်သွားရရှာတယ်။
"(မင်းပဲ ကိုးးးးး)"
"တောင်း.. တောင်းပန်ပါတယ်"
တစ်ဖက်က ဘာပြောမှန်း နားမလည်သော်လဲ ခေါင်းထဲ သံစုံမြည်လာသော သတိပေးချက်တွေကြောင့် ဖိုးလုံး မနာကျင်နိုင်အားတော့ဘဲ မကြောက်ကြောက်ရွံ့ရွံ့နှင့်ပင် အမြန်ထရပ်လိုက်ပြီး တောင်းပန်မိသည်။
"မမြင် မမြင်လိုက်လို့ပါ။တောင်းပန်ပါတယ်"
မျက်နှာအောက်ချကာ မျက်လုံးကြီး စုံမှိတ်ပြီးတောင်းပန်နေသော ဗမာကောင်လေးကြောင့် ယိုရှိရို ရီချင်စိတ်ကို မထိန်းနိုင်တော့သဖြင့် ပြုံးလိုက်မိသော်လဲ အကြောအချင်တင်းနေသော နှုတ်ခမ်းတို့က ယောင်ယောင်မျှသာ တွန့်ကွေးသွားသည်။
အခု ဘယ်သူက အကြမ်းဖက်နေလို့ အဲ့လောက်တောင် ကြောက်နေရတာလဲ?
ကလေးသာသာအရွယ်လေးဆိုတော့လဲ အပြစ်ဆိုရန်က မသင့်...
" ( အရူးလေး ပဲ.. )"
အပေါ်စီးက မြင်နေရသော မျက်တောင်ရှည်တွေကို ကြည့်ပြီး ခပ်တိုးတိုးပြောတော့ ပိုလို့ ငုံ့သွားတဲ့ ခေါင်းကြီးက မြေကြီးထဲ ကျွံဝင်တော့မတတ်။ဗမာလို့ ထင်ရက်စရာမရှိအောင် ဝင်းဖန့်နေသော ကောင်လေးအသားအရေက ဖျင်ကြမ်းအကျႌအောက်မှ တစ်စွန်းတစ်စ ပေါ်နေကာ မြင်လိုက်တာနှင့် နူးညံ့မည်မှန်း ခန့်မှန့်၍ရသည်။
YOU ARE READING
ဆာယိုနာရာ ( Sayonara)