အပိုင်း ၈ ( Z+U )

1.5K 409 71
                                    

"ကဲ.. အဲ့တာဆို ရွာရဲ့ လုံခြုံရေးနဲ့ပက်သက်ပြီး မောင်ဘုန်းပဲ ကိုရင် သာလှတို့နဲ့ဆက်ဆွေးနွေးချေတော့။အခုတော့ အချိန်လဲ မနည်းတော့ စကားဝိုင်းသိမ်းကြရအောင်"

သူကြီးစကားအဆုံးမှာမှ ဖိုးလုံး ယောင်ယောင်ယမ်းယမ်းနှင့် ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်မိတော့ နေအလင်းက ပုစွန်ဆီရောင်ပင်လုနေလေပြီ။အချိန်တွေက သိပ်အကုန်မြန်လွန်းလှတာပဲလို့ တွေးမိတော့ ဝိုင်းစက်နေတဲ့ ဖိုးလုံးမျက်ဝန်းလက်လက်တွေကအကြောင်းမဲ့ မှိုင်းဝေလို့သွားတယ်။

"ဒါဆို ကျွန်တော်လဲ ဗိုလ်ကြီးတို့ကို ပြန်လိုက်ပို့လိုက်ဦးမယ်။သူကြီး"

"ကောင်းပါပြီကွယ်...။ဒါဖြင့် စကားပြန်ကြီး ဗိုလ်ကြီးကို ပြောပေးပါ...ရပ်ရွာ လုံခြုံရေးအတွက်ကတော့ စိတ်ချပါလို့"

လူကြီးတွေ ထိုင်ရာက ထတော့ ဖိုးလုံးလဲ ဆက်မထိုင်ရဲတော့ဘဲ အသာလေးလိုက်ထရပ်ကာ အကြမ်းပန်းကန်ဗန်း သိမ်းရင်း ဗိုလ်ကြီးထံ ယောင်လည်လည်နဲ့ခိုးကြည့်မိသည်။

"အမေ့..."

ပြန်လည်စူးစိုက်ကြည့်နေသော မျက်ဝန်းနက်နက်တို့ကို မြင်တော့ ကြောက်လန့်ကာ မျက်လွှာအမြန်ချလိုက်သည့်တိုင် ဖိုးလုံးပါးပြင်တွေက ရှိန်းမြလို့။ ခပ်စူးစူးအကြည့်တွေကြား ပန်းကန်လုံးသိမ်းနေသည့် လက်ချောင်းထိပ်လေးတွေပင် အေးစက်လို့လာတယ်။ ဗိုလ်ကြီးကိုမြင်တိုင်း သိပ်ထူးဆန်းတဲ့ဒီခံစားချက်ကို ဖိုးလုံးဟာ ကြောက်လဲကြောက်သလို သဘောလဲသိပ်ကျသည်။

တုန်ယင်နေတဲ့ ယုန်ပေါက်လေးကို ကြည့်ပြီး ယိုရှိရို နှုတ်ခမ်းထောင့်စွန်းက စက္ကန့်ပိုင်းလောက် တွန့်ကွေးသွားသည်။ယောကျာ်းလေးတန််မဲ့ အရှက်သည်းလွန်းလှတဲ့ ကောင်ငယ်လေးကို မြင်တိုင်း သူ့မှာ စနောက်ချင်နေတော့တာပါပဲ။

အနားက လက်လှမ်းမှီသည့် ရေနွေးပန်းကန်လုံးတွေကို ကူသိမ်းပေးလိုက်ပြီး ဗန်းပေါ် တင်ပေးတော့ကောင်လေးရဲ့ လှုပ်လိလှုပ်လဲ့ လှုပ်ရှားမှုတွေက တိခနဲ ပြတ်ကျလို့သွားကာ မော့ကြည့်လာတဲ့ မျက်ဝန်းတွေက ဝိုင်းစက်လို့။

ဆာယိုနာရာ ( Sayonara)Where stories live. Discover now